ကျနော့ကိုကိုidol ep13

50 4 0
                                    

"တော်ပီ ဘာမှလာမခိုင်းနဲ့ ဒီနေ့တွက်အားအင်တွေအကုန်ပြောင်ပီ ဟွန့်😒"

ရိပေါ်ရဲ့ညည်းညူသံကို ရှောင်ကျန့်ရေချိုးခန်းကနေကြားကာ ပြုံးမိသည်။
ခနအကြာတွင်
ရှောင်ကျန့်တျောက် bathrobeဖြင့်ရေချိုးခန်းမှထွက်လာလေသည်။
သူ့ခလေးကတော့ ကုတင်ကိုကန့်လန့်ဖြတ်ကာ ဖြစ်သလိုအိပ်နေသည်။
"ရိပေါ် ရိပေါ် ခွေးကောင်လေး ထတော့"
ရိပေါ်အိပ်ရာကလူးလဲထကာ ဟိုidolကို ကြည့်တော့ idolကြီးက အလှူပေးနေပါတယ်။
သူ့ရဲ့absတေတင်မက ချက်အောက်က အမွှေးတေပါ ဖော်ပြနေလို့ပါ
"ရိပေါ် နှိုးရင်လဲထတော့ ခလေးလေး
ရေချိုးပီး ညစာစားကြမယ်"
ရှောင်ကျန့်အဝတ်လဲနေရင်း သူ့ကိုငေးနေတဲ့ရိပေါ်ကို ပြောကာ အပြင်သို့ထွက်လာလိုက်သည်။
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
ထမင်းစားပွဲဝိုင်းတွင် အပ်ကျသံတောင် မကြားရအောင် ငြိမ်သက်နေပီး အားလုံးမျက်နှာမကောင်းကြ။

အကြောင်းအရင်းမှာ ရှင်းချန်တျောက် မန်နေဂျာလုပ်ပိုင်ခွင့်ကို ထုတ်သုံးကာ ဒီနေ့ညစာကစလို့ နောက်လထိ dietလုပ်ရမည်ဆိုသောကြောင့်သာ။
ရှင်းချန် ညနေကဈေးသွားပီး သရေစာအရမ်းစားလို့ဝိတ်တက်နေတဲ့ လောင်ရှောင်ကြောင့်ရော အသစ်ရောက်လာတဲ့backdancerသုံးယောက်အတွက်ပါ အသားကျအောင် တလလောက်dietလုပ်ရန် အသီးအရွက်တွေ အသီးအနှံတွေကြီးပဲ ဝယ်လာလိုက်သည်။

ညစာကို ကိုယ်တိုင်ကိုယ်ကျပြင်ပေးကာ
ကျန်တဲ့လူတွေကို surpriseတေcolaတေတိုက်လိုက်သည်။
လောင်ရှောင်ကတော့ ရှင်းချန်ကို ဂျိုကြည့်ကြည့်နေသည်။
ရိပေါ်ကတော့ စားနေပေမဲ့ ဖျော်ရည်ကိုမထိ။
ဘာလို့ဆို ဖျော်ရည်ကမုန်လာဥနီကိုဖျော်ထားတာလေ။
ဟောက်ရွမ်းကတော့ ဟိုထိဒီထိနက်မျက်နှာကဘီလူးမသံပုရာသီးကိုက်ထားသလိုရုပ်ဖြစ်နေသည်။ပုစိလေး စစ်ကျွေးမှာ ပြိုတော့မဲ့မိုးလို ငိုမဲ့မဲ့ဖြစ်နေလေပီ။ရှင်းချန်လဲစားပွဲတွင်ထိုင်ကာ
"ဘာလာကြည့်နေတာလဲ မရဝူး လောင်ရှောင်
အကို .5kgတက်လာတယ် မပြေးတာလဲကြာနေပီ အကယ်၍ပုံမှန်အတိုင်းစားချင်တာစားမယ်ဆိုရင်တော့ အကို့ကို gym instructorနဲ့တွေ့ပေးမှာနော် 😒😒"

"ကြောက်လိုက်တာ😁😁"
ဟောက်ရွမ်းနောက်သလိုလိုပြောင်သလိုလိုနဲ့ ရှင်းချန်ကိုလိုက်စလိုက် ရှင်းချန်ကစွာစွာ စွာစွာနဲ့ပြန်ရန်တွေ့လိုက်ဖြင့် သူတို့ညစာအချိန်လေးဟာ ပျော်ရွှင်စွာ စည်ကားနေလေသည်။
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
ညအခါသမယ၌ ရှင်းချန်ကားအိမ်သို့ပြန်သွားလေပြီ။ဟောက်ရွမ်းနဲ့စစ်ကျွေးတို့မှာလည်း အခန်းထဲတွင်ဂိမ်းဆော့နေကြသည်။
သူ့ရဲ့ပူတူတူးလေးကတော့ အိပ်ချင်ပီဟုဆိုကာ အိပ်ရာပေါ်တက် စောင်အကျအနခြုံကာအိပ်မက်ကမ္ဘာထဲ လက်ပစ်ကူးနေသည်။သူကတော့ဖြင့် လေယာဉ်လတ်မှတ်စီစဉ်ရ၊ဟော်တယ်bookingချိတ်ရနဲ့ အခန်းထဲတွင်လပ်တော့တစ်လုံးနဲ့အလုပ်ရှုပ်နေသည်။
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
"လန်ကျန့် အဆင်ပြေရဲ့လား
လာဒီဘက် "
"အင်းဒီနေရာမှာ တစ်ညနားကြမယ်လေ ဝေ့ရင်း"
အရိပ်ကောင်းကောင်းရတဲ့အပင်ကြီးအောက်မှာတစ်ညနားရန် ဝေ့ရင်းဆုံးဖြတ်လိုက်သည်။
"ညလဲမှောင်လာတော်မှာမို့မီးမွှေးရအောင်
ဝေ့ရင်း"
"ဟုတ်ပါပီ ရှင်မရယ် ကိုယ်ထင်းသွားရှာလှည့်မယ်"
"မင်း.... မင်း.... အက်လိုမကျီစားနဲ့ ငါမကြိုက်ဝူး ငါ....ငါကယောက်ျား"
"ဟား ဟား ဟား ဟုတ်ပါပီ ကိုယ့်အချစ်ရယ်"
"😒😒"
လမိုက်ညကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်နေသည်။ ထင်းမီးလေးကရသောအလင်းရောင်ကို အားပြုနေရသည်။
ညနက်‌လာလေလေ ပို၍ချမ်းအေးလာတာကြောင့် ‌လန်ကျန့်တျောက် အရိုးထဲကစိမ့်နေအောင် ချမ်းနေသည်။ ဝေ့ရင်းသူ့ရဲ့ခလေးလေး ချမ်းနေသည်ကိုသိတော့ လက်နှစ်ဖက်က လန်ကျန့်ကို ရင်ခွင်ထဲဆွဲပွေ့လိုက်သည်။

နီးကပ်လာရင်ဘက်နှစ်ခု က ရင်ခုန်သံတေဟာထပ်တူကျကာ ပို၍အခုန်မြန်လာသည်။နားဖျားတွင်ရိုက်ခက်နေသော ဝေ့ရင်းရဲ့ ဝင်သက်ထွက်သက်ငွေ့ငွေ့က လန်ကျန့်ကို မယိုးမယွခံစားရခက်စေသည်။ လန်ကျန်ဝေ့ရင်းကိုမော့ကြည့်မိတော့ သူ့ကိုရီဝေဝေကြည့်နေတဲ့ဝေ့ရင်းရဲ့အကြည့်တွေ။အဲ့အကြည့်တွေနဲ့အတူ လန်ကျန့်ရဲ့နှုတ်ခမ်းလေးနွေးထွေးသလိုခံစားရသည်။တစ်ခါတစ်ခါ သူ့ရဲ့လျှာဖျားက လန်ကျန့်ခံတွင်းကို နယ်ကျူးလာကာ အစိုးရသည်။လန်ကျန့်အသက်ရှူမဝတော့ဝေ့ရင်းရင်ဘက်ကိုတွန်းဖယ်လာသည်။
ဝေ့ရင်းလွှတ်ပေးတော့ အသက်ကိုလုရှူနေတဲ့ချစ်ရသူရဲ့ပုံစံက ဝေ့ရင်းကိုပိုပီး စိတ်ကြွစေသည်။ငွေရောင်အမျှင်တန်းလေးများတန်းနေသည့် လန်ကျန့်နှုတ်ခမ်းဆီသို့နောက်တစ်ကြိမ် အလည်သွားခဲ့သည်။ လည်တိုင်ကျော့ကျော့ကိုလည်းတစ်စိုက်မက်မက် နမ်းရှိုက်ကာ လန်ကျန့်ကို ဝေ့ရင်းရဲ့‌အနမ်းရေယာဉ်ကြောထဲစီးမျောစေသည်။

ချွတ် ချွတ်
"ဝေ့ရင်း လူလာနေသလိုဘဲ"
"တောကြောင်ပါကွာ ရွှတ် ပြွပ်😘😘"
"👀👀"

"တပ်မှူး သူတို့ကဒီဘက်မှာ "
ဝေ့ရင်းလန့်သွားသလို လန်ကျန့်လဲကြောက်နေပီ။သို့သော် မကြာပါ
တပ်သားများစွာက သူတို့နှစ်‌ယောက်ကို ဝိုင်းထားလိုက်လေပီ။
"ဝေ့ရင်း......ဝေ့ရင်း......."
လန်ကျန့်ကိုတပ်သားတို့ဆွဲသွားချေပီ
ဝေ့ရင်းတျောက်ဘာမှမတက်နိုင်။သူ့ကိုလဲတပ်သားများက ချုပ်ထားလေသည်။
"မဟုတ်ဝူး မလိုက်ဝူး လွတ် ငါ့ကိုလွတ်
အာားးးးးး"
______________________________________ဘာမှမပြောတော့ဝူးနော်
ဆက်ရန်ရှိသည် မျှော်.......

ကျွန်တော့ကိုကိုidol (Uni+Zawgyi)Where stories live. Discover now