အပိုင်းအစ ၁

68 5 2
                                    

အပိုင်းအစများ(၁)

အပိုင်းအစ​တွေဆိုတာ .....ကိုယ့်ဘဝတ​​လျှောက်ကြုံဆုံခဲ့ရတာ​တွေထဲကမှ ကိုယ်ကြုံခဲ့ရတဲ့ ဖြူစင်ခဲ့ဖူးတဲ့ ချစ်ခြင်း​မေတ္တာ​​တွေထဲကမှ အစိတ်အပိုင်း​လေးတစ်ခုစာကို ခပ်ပါးပါး​လေး​ရေးထားတာပါ။
ကိုယ့်ရဲ့ချစ်ခြင်း​မေတ္ဆာအ​ကြောင်းက မူလတန်းအပြီး အလယ်တန်း​ရောက်တဲ့အချိန်မှာ စတင်ပါတယ်။
ကိုယ် ခြောက်တန်းရောက်တဲ့ အချိန်က ကိုယ့်အခန်းထဲမှာ စာသိပ်တော်တဲ့ အစ်ကိုကြီးတစ်ယောက်ရှိတယ်။ သူက မျက်ခုံးထူထူ မျက်လုံးစင်းစင်းလေးနဲ့မှာမှ နှာသီးဖျားလုံးလုံးလေးက ကော့ကော့လေးနဲ့ သိပ်ချောတာ။
စာတော်တဲ့အပြင် ပန်းချီလည်းအရမ်းတော်တယ်။ကျောင်းမှာဆို တိုင်းအဆင့် လက်ရွေးစင် လို့ ခေါ်မလားမသိ။ ဆရာမ​တွေက အရမ်းအ​ရေး​ပေးသလို ​ကောင်မ​လေး​တွေ ဝိုင်းစိတ်ဝင်စားတာခံရတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး။
ကိုယ်က​ လေးတန်းအထိမူလတန်း​ကျောင်းမှာတက်ခဲ့ပြီး ငါးတန်းမှ အလယ်တန်းကျောင်းကို ပြောင်းရတာ ဆိုတော့ ငါးတန်းမှာ စီအခန်းပဲနေရတာ။
ခြောက်တန်းကျမှ အေ အခန်းရတယ်။ အဲ့မှာ အဲဒီအကိုကြီးကအ​ရှေ့ဆုံးတန်း ။ ကိုယ်က သူ့​နောက်တန်းက ...။သူ့​ဘေးနားမှာက ကိုယ့်သူငယ်ချင်း​​လေး။ကိုယ့်သူငယ်ချင်း​လေးက သူ့​ဘေးမှာကိုယ်ထိုင်ချင်မှန်းသိလို့ ​ပြော​ပေး​ပေမယ့် အဲဒီအကိုကဖယ်မ​ပေးဘူး။ဒါ​ပေမယ့် ကိုယ်က ​ရှေ့​နေရာ​လေးထိုင်ချင်​ပြီး သိပ်လည်းမ​ပြောရဲ​တော့ ဗလာစာအုပ်မှာ စာ​လေး​ရေးပြီး သူ့ကို လက်က​လေးနဲ့တို့ပြီးခွင့်​တောင်းရတယ်။သူက ခပ်ပြုံးပြုံးနဲ့ မင်းထိုင်ချင်တာလား မင်း ​ရှေ့မှာထိုင်ချင်ရင် ထိုင်ရမှာ​ပေါ့ဆိုပြီး ​နေရာ​ပြောင်း​ပေးရှာပါတယ်။ အဲ့လိုနဲ့ ကိုယ်က​ရှေ့က သူက ကိုယ့်နောက်က ခုံက။ ကိုယ်က ငယ်ကတည်းက သားကလေ သားကလေ ပြောတတ်တော့ သူက သားလေး လို့ပဲ ခေါ်တယ်။
စကားနည်းပြီး အေးတဲ့ ဒီအစ်ကိုဟာ ကိုယ့်ကို တော်တော် သည်းခံရတယ်။ ကိုယ်က စကားများတာကိုးး။တချိန်နဲ့တချိန် ဆရာမလစ်တာနဲ့ ​ဘေးခုံက အတန်း​ဖော်နဲ့ ပတစ်ပတစ်​ပြောတာ ... ။ ပြီးရင် ဘေးက သူငယ်ချင်းကိုလည်း တအားအနိုင်ကျင့်တာ(ကိုယ့်နိုင်တယ် ဂျီကျတာ ရစ်တာ မျိုးပါ။ သိပ်ချစ်စရာကောင်းပါတယ်)
သူက မြင်ကြားသမျှ ခပ်ပြုံးပြုံးပါပဲ။ ဆရာမ လစ်ရင် သားလေး ဒီဖက်လှည့် ဆိုပြီး ခါးကို ဘောလ်ပန်နဲ့ လှမ်းလှမ်းထောက်၊ ကိုယ်လှည့်ကြည့်ရင် ပြုံးပြီး ကြည့်နေတာ။
ခုနစ်တန်းရောက်တော့ ကိုယ့်ဘေးကို ရောက်လာတယ်။ ကိုယ့်အတွက် ဦးဌက်ရဲ့ သီချင်းတွေ ကူးလာတယ်။ လက်ရေးဆိုတာ ဝိုင်းစက်နေတာပဲ။ ပြီးတော့ ကဗျာလေးတွေ ရေးပေးတယ်။ ကိုယ့်အတွက် မုန့်လေးတွေ ခုံထဲ လွယ်အိတ်ထဲ ထည့် ထည့်ပေးတယ်။
စာမေးပွဲ ဖြေကာနီး ကမာရွတ်မှာ မီးအကြီးအကျယ်လောင်တဲ့အချိန် ​ကျောင်းက ပြန်မလွှတ်ပဲအားလုံးကိုထိမ်းသိမ်းထားတာ..ကိုယ်က အိမ်မှာ အဖွားနဲ့ ညီ​လေး​တွေပဲရှိ​တော့ ငိုယို​တောင်းပန်ပြီး အိမ်ကိုပြန်​ပြေး​တာ့ သူက ကိုယ့်​နောက်က​နေလိုက်ပြီး ကိုယ့်အိမ်ကိုပြေးလာ...အိမ်ကရှိသမျှပစ္စည်း​တွေကို ထမ်းပိုးပြီးသယ်​ပေးခဲ့တာ......
ပြီးတော့

ဆက်ရေးမယ်နော်....

You've reached the end of published parts.

⏰ Last updated: May 21, 2020 ⏰

Add this story to your Library to get notified about new parts!

အပိုင်းအစများWhere stories live. Discover now