Unicode
At Chongqing International Airport;
ခရီးဆောင်အိတ်ကိုဆွဲကာရပ်နေသည့်ကောင်လေးထံသို့ ပြေးသွားသည့်ကောင်လေး။
'ရှောင်းကျန့် ! မင်းက ရှောင်းကျန့်မလား'
'အင်း မင်းက....'
'ငါ့ကိုမင်းမသိတော့ဘူးလားကွာ ငါယွီပင်းလေကွာ'
ခနလောက်စဉ်းစားလိုက်ပြီး...
'ယွီပင်း ငါသိပြီ
မင်းချိန်လိုက်တဲ့သူတိုင်းသူများနောက်ပါပါသွားတတ်တယ်လေ
ဟုတ္တယ္မလား''်အဲ့တာကျမှတ်မိတယ် '
'မင်းလိုင်းပေါ်မှာ စာရေးဆရာယွီပင်းဆိုပြီးနာမည်ကြီးနေတယ်လို့
ဟိုကောင်တွေပြောတာကြားဖူးတယ်''မြှောက်နေတာ..အဲ့လောက်လဲနာမည်မကြီးပါဘူးကွာ..
ငါလဲမင်းကိုအစကမမှတ်မိဘူးကွ
ယုန်သွားနဲ့မင်းနှုတ်ခမ်းအောက်ကမှဲ့ကိုတွေ့မှမင်းမှန်းသိတာ''မင်းရောအဆင်ပြေလား'
'ဒီလိုပါဘဲကြာ နောက်မှချိန်းပြီးအေးဆေးပြောပြမယ်
အခုအချိန်မရှိတော့ဘူး
လေယာဉ်ထွက်တော့မယ်''အင်း နောက်မှတွေ့မယ်'
ယွီပင်းကိုဘယ်သွားမှာလဲတောင်မမေးလိုက်ရဘူး..!
ရှောင်းကျန့်က ရှန်ဟိုင်းသို့သွားသည့်လေယာဉ်ပေါ်သို့တက်ကာ
အိတ်ကိုနေရာတကျထားလိုက်သည်။
ပြီးတော့ သီချင်းဖွင့်ပြီးနားကြပ်တပ်ကာ
အိပ်ရန်မျက်စိစုံမှိတ်ထားလိုက်သည်။' ရှောင်းကျန့် '
ရှောင်းကျန့်မျက်စိဖွင့်ကြည့်လိုက်တော့ ယွီပင်း ဖြစ်နေသည်။
'မင်းက ရှန်ဟိုင်း သွားမလို့လား?'
'ဟုတ်တယ် ' ဟုဆိုကာ ရှောင်းကျန့်ဘေးကလူအား နေရာလဲပေးဖို့မေးလိုက်ပြီး
ရှောင်းကျန့်ဘေးလာထိုင်သည်။'ရှောင်းကျန့် မင်းအခုဘာအလုပ်လုပ်နေတာလဲ'
စပါပြီ! ယွီပင်းရဲ့စပ်စုမှုတွေ ။
' ကလေးတွေကိုပန်းချီသင်ပေးနေတယ်'
'မင်းကတော်တော့ မင်းသင်ပေးတဲ့သူတွေလဲတော်မှာဘဲ'