"လူတစ်ယောက် ရှာတာတောင် အဖြစ်ရှိအောင် မရှာနိုင်ကြဘူးလား ဟမ်!!!!!"
~ခလွမ်း ခွမ်း ~
စားပွဲပေါ်မှ ပစ္စည်းများကို လက်ြဖင့်တွန်းချသည်
"တောင်း..တောင်းပန်ပါတယ်..သူဌေး"
"မလိုချင်ဘူး ငါတောင်းပန်တာ လိုချင်တာမဟုတ်ဘူး ငါလိုချင်တာ....xiao luhan ခုချက်ချင်း သွားရှာကြ နောက်နှစ်ရက်နေလို့မှ မတွေ့ရင် မင်းတို့ သေဖို့သာပြင် ကြားလား!!"
"ဟုတ်ကဲ့ပါ သူဌေး.."
"သွားကြတော့ သွား ငါ့ရှေ့က ခုထွက်သွား..ကမ္ဘာမြေဆုံးတဲ့ အထိ သူ့ကိုလိုက်ရှာကြ သွား.."
"ဟုတ်ကဲ့ ပါ...."
လူတွေထွက်သွားသည်နှင့် စားပွဲပေါ်က အရက်ခွက်ကို ရေမရောပါဘဲ မော့ချပစ်လိုက်သည်
ပူဆင်းသွားသော အရက် ဒါမဲ့ ရင်ထဲက အပူကိုတော့မမှီပါဘူးမင်း အပုန်းကောင်းလှချည်လားကွာ
ထိုင်ခုံပေါ် စိတ်ပစ်လက်ပစ် ထိုင်ချလိုက်သည်
ငါမင်းကို လွမ်းလှပြီ ချာတိတ်ရယ်
"ဟင်း~~~~~~"
သက်ပြင်းရှည်ကြီးကိုချကာ မျက်လုံးတို့မှိတ်ထားလိုက်သည်
"သူဌေး..သူဌေး..."
အလောသုံးဆယ် ဝင်လာသော ကောင်ကြောင့်
မျက်လုံးတို့ပြန်ဖွင့်ကာ"ပြော "
"သူဌေး ကောင်လေးကို ရှာတွေ့ပါပြီ"
"ဘာ....ဘယ်မှာလဲ.."
"ဘူ..ဘူ.ဆန်မှာပါ"
"သွားမယ် ခုချက်ချင်း သွားမယ် ဘယ်နေရာမှာလဲ"
"မိဘမဲ့ ဂေဟာမှာပါ"
"သွားမယ် ခုချက်ချင်းပဲ"
ကိုယ် မင်းစီလာပြီ ချာတိတ်ရေ မင်းကို ဒီတစ်ခေါက်တော့ အလွတ်မပေးတော့ဘူး
🍒🍒🍒🍒
"luhan "
"ဗျာ မာသာ..."
YOU ARE READING
ချာတိတ် 🍑Completed 🍑
Short Storyအသက် 34 နှစ်အရွယ် သူဌေးတစ်ယောက်နဲ့ မိခင်အိုကြီးရဲ့ ရောဂါအတွက် သူဌေး များထံမှ ပိုက်ဆံ ခြူစားနေရသူ ကောင်လေး တစ်ယောက် ရဲ့ အချစ် ဇာတ်လမ်းတစ်ပုဒ် ဒီက သာသာ ဖန်တီးပါသည် Hunhan yaoi short story