Promise
1988ခုနှစ်ဘ၀တစ်ဆစ်ချိုးမှာ သူနဲ့ပထမဆုံး တွေ့ဆုံခဲ့တယ်။
အဲ့ဒီအချိန်တုန်းကတော့ အရာအားလုံးဟာ ပုံမှန်အတိုင်းသာသာယာယာပါပဲ။ သူနဲ့မတွေ့ခင်အချိန်ထိပေါ့။အသက်၁၈နှစ်မှာ တက္ကသိုလ်တက်ခွင့်ရခဲ့တယ်။
ကိုယ်ဖြစ်ချင်တဲ့ ဝါသနာပါရာအလုပ်ကို လုပ်ခွင့်ရတော့မယ်ဆိုတော့ စိတ်ထဲမှာတော့အတိုင်းမသိ ၀မ်းသာမိတာပေါ့။ အတန်းထဲကို ပထမဆုံးအကြိမ် စိတ်လှုပ်ရှားစွာ၀င်မိတော့ ၀မ်းသာအားရနဲ့ သူ့ဘေးနားလာထိုင်ဖို့
ခေါ်နေသည့် မိမိနဲ့ရွယ်တူဖြစ်လောက်မည့် ကောင်လေးတစ်ယောက်။အဲ့ဒီအချိန်တုန်းက သူ့ဖော်ရွေမှုကြောင့် စိတ်ထဲမှာတကယ်ကို လွတ်လပ်ပေါ့ပါးမိသည်။ သူ့ကြည့်ရတာ အရမ်းဖော်ရွေပြီး လူတစ်ဖက်သားကိုလည်း ခင်မင်လွယ်တယ်ထင်ပါရဲ့...
အရာအားလုံးကိုသာကြိုသိခဲ့ရင် သူခေါ်တဲ့အတိုင်းသူ့ဘေးမှာထိုင်မိပါ့မလား...အဆုံးသတ်မှာနာကျင်ပြီး ကျန်ရစ်ခဲ့မဲ့လူက ကိုယ်ကိုယ်တိုင် ဖြစ်နေမယ်ဆိုရင်ပေါ့...
ဘာလိုလိုနဲ့ သူကျွန်တော့်ဘ၀ထဲကို တဖြည်းဖြည်း ၀င်ရောက်လာခဲ့တယ်။ ဘာကိစ္စပဲလုပ်လုပ် သူနဲ့တူတူလုပ်ရမှ၊ သူနဲ့တူတူသွားရမှ တို့ဖြစ်လာခဲ့တယ်။ အချိန်ခဏလေးဘေးနားက ကွာသွားရင်တောင် တစ်ခုခုလစ်ဟာနေသလိုခံစားမှုမျိုး။ အဲ့သလိုခံစားရတိုင်း အမျိုးတူဖြစ်တဲ့ ကိုယ့်အတွက်တော့ ထိပ်လန့်ဖွယ်အတိ...
မဖြစ်သင့်တာ မဖြစ်ရအောင် ဘယ်လောက်ပဲ တိမ်းရှောင်ပါစေ သူ့ရဲ့အပြုံးတွေ၊ သူရဲ့ဖြူစင်မှုတွေ၊
သူ့ရဲ့ အကြည့်တွေအောက် ကျရှုံးရစမြဲ...
ရုန်းထွက်လို့မရတဲ့ ထောင်ချောက်လှလှလေးထဲမှာ ပျော်မွေ့နေမိတယ်... ဘာပဲဖြစ်ဖြစ် အနားမှာနေပြီး
မြင်နေ တွေ့နေရရင်ပဲ လုံလောက်ပြီလို့ ဆုံးဖြတ်ပြီးကာမှသူက ကိုယ့်ကို တစ်ကြော့ပြန်ပြီး ထားခဲ့တော့မလို...သူကျောင်းက လူတွေနဲ့တူတူ လိုက်သွားတယ်လို့ကြားလိုက်ရတဲ့အချိန် ကောင်းကင်ကြီးတစ်ခုလုံး
ခေါင်းပေါ် ပြိုကျလာသလို၊ သမုဒ္ဒရာချောက်နက်ကြီးထဲ ပြုတ်ကျသွားသလို ဘာမှမတွေးနိုင်တော့...
အတွေးတွေ ချာချာလည်နေပြီး ဘာစကားမှပြောမထွက်တော့...သူကို ဒီအရေးအခင်းထဲ ၀င်မပါပါနဲ့လို့ ပြောထားတာလဲအခါခါ။ ကတိတွေတောင်းတိုင်းလည်းပေးပြန်တာပါပဲ။
YOU ARE READING
Promise( One Short)
Truyện Ngắnမင်းရဲ့ကတိကို မတည်နိုင်ရင်လည်း မပေးပါနဲ့လားကွာ.... အသည်းနှလုံးတွေလည်း စုတ်ပြတ်သတ်နေပါပြီ...