Unicode
၀သန်ကာလ၏မိုးစက်တို့ဟာ တဖျောက်ဖျောက်အသံတို့ပြုလျက် ကျဆင်းရာ လောကဝန်းကျင်ဟာတမဟုတ်ချင်း စိုစွတ်ခြင်းတို့ဖြစ်သည်..
မြေသင်းနံ့တို့ဟာ မိုးနံ့နှင့်အတူရောထွေးလျက် နှာခေါင်းဝသို့လာတိုးသည့်အကြိမ်တိုင်း အားပါးတရရှုရှိုက်ပစ်မိသည်..တစ်ကိုယ်လုံးရွဲစိုနေသော ခန္ဓာကိုယ်ကြောင့် ဂျယ်ယွန်းဟာ ရေစိုနေသောခွေးပေါက်စလေးလိုဖြစ်နေမည်..။
ရေစက်လက်နှင့် မိုးရေထဲစုံရပ်နေသော်လည်း ဂျယ်ယွန်းအိမ်ပြန်ဖို့အကြောင်းမရှိ။ လက်ထဲမှာပါသော ထီးကိုသာရှေ့သို့မိုး၍ပေးထားသည်..။စိတ်မရှည်မှုတွေနဲ့ဂျယ်ယွန်းက အခုတော့ စိတ်ရှည်မှုတွေထက်လွန်ကာ တောင်းပန်ခယလွန်းစွာ နှုတ်ဖျားမှတောင်းဆိုမှုတစ်ချိူ့ကိုပြုသည်..။
" ဆောင်းဟွန်း...ပြန်ကြမယ်လေ....ငါနဲ့ပြန်လိုက်ခဲ့မယ်မဟုတ်လား..."
ခပ်တိုးတိုးရေရွတ်တဲ့စကားသံငယ်ဟာ မိုးခြိမ်းသံကြားမှာပျောက်ကွယ်လုမတတ်..။သို့တိုင်အောင် ဂျယ်ယွန်းလက်မလျော့...။ သူ့ခန္ဓာကိုယ်ဟာချမ်းလွန်း၍ တုန်ရီနေလေပြီ။တုန်တက်သွားတဲ့ကိုယ်ကိုလျစ်လျူရူရင်း တစိုက်မတ်မတ်ရှေ့မှောက်ဆီသာ အကြည့်မလွှဲစတမ်းခေါ်ရှာသည်..။
ပတ်ဆောင်းဟွန်းဆိုတဲ့လူဟာ သိပ်ရက်စက်ပါလား...။
ကောင်ငယ်လေးခေါ်သံတွေအားလျစ်လျူရူကာနေသည်..
တုံ့ပြန်မှုတစ်စုံတရာပင်မပေးပဲ ဇွဲကောင်းစွာ ကောင်လေးရဲ့ရှေ့မှောက်ရှိနေဆဲ..။လက်လျော့ဖို့ဆုံးဖြတ်ခြင်းမရှိသော ကောင်လေးဟာလဲ မိုးမှုန်တို့ကြားတွင် စုံရပ်ကာ လင်းခနဲ ဖြစ်သွားတတ်သော လျှပ်စီးနှင့်မိုးခြိမ်းသံတို့ကိုအံတုသည်...
မိုးခြိမ်းသံတွေကိုသိပ်ကြောက်တတ်သည်..။
အခုတော့မဟုတ်တော့ဘူး...ချစ်ရသူ လူသားလေးမိုးမစိုဖို့ရာအရေးကြီးသည်..။ဆန့်တန်းထားသော လက်တွေဟာ ထုံကျင်ပါသော်လည်း အေးစက်၍နေပါသော်လည်း မိုးရေတွေနှင့်အတူ မျက်ရည်တွေကျဆင်းပြပါသော်လည်း...