Unicode
" ဂျယ်ယွန်းရောက်နေတာလား မျက်နှာလဲမကောင်းဘူး ဘာလို့လဲ.."
အဖျားကျသွားသော မနက်ခင်းမှာ အခန်းတံခါးလာခေါက်သော သူဟာဂျယ်ယွန်းဖြစ်နေခဲ့သည်...။
ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက် ဂျယ်ယွန်းအတွက် ဈေးသွားသောမာမီမရှိလဲ အိမ်တံခါးတွန်းဖွင့်ကာ.အခန်းထဲထိဝင်လာသည်..။တစ်စုံတစ်ရာကိုသတိရမိတဲ့အခါ ဂျယ်ယွန်းထက်အရင် ဆောင်းဟွန်းကုတင်ပေါ်သို့ရောက်အောင်ပြေးရင်း ပြန့်ကြဲနေသော စာအုပ်တွေကို လိုက်လံသိမ်းဆည်းကာ ခေါင်းအုံးကြားထဲထည့်၍ သိမ်းဆည်းလိုက်သည်..။
" ဘာစာအုပ်မို့လို့အဲ့လောက်ဖြစ်နေရတာလဲ ဆောင်းဟွန်း ငါ့ကိုပြ.."
" ဘာ...ဘာမှမဟုတ်.."
" ပေးလို့ပြောနေတယ်..."
လေသံမာမာဟာ ဆောင်းဟွန်းရင်ထဲထိုးဝင်ကာ ကြောက်ရွံ့စေသည်...။
ဂျယ်ယွန်းစိတ်ဆိုးပီဆိုသော အသိကပို၍ခြောက်လှန့်သည်..
သို့ပေမယ့် ဆောင်းဟွန်းထုတ်ပြခဲ့ခြင်းမရှိခဲ့.....အခုစိတ်ဆိုးတာထက် ထိုစာအုပ်အားမြင်တွေ့၍ ဂျယ်ယွန်းနှင့်လက်ရှိအခြေအနေလေးပျောက်ကွယ်သွားမှာကြောက်ရွံ့သည်..။စကားမဆိုပဲအတန်ကြာထိုင်နေသော အခန်းတွင်းဟာ ဖြတ်တိုက်သောမိုးလေအေးအေးထက် အေးစက်သည်..။
ဂျယ်ယွန်းက ခုံမှာထိုင်နေသလို ဆောင်းဟွန်းက ကိုက်တက်လာသော ခြေထောက်တွေအားစောင်ဖြင့်ထွေးရင်း.ကုတင်ထက်တွင်ထိုင်သည်..။
အတွေးကိုယ်စီနဲ့ငြိမ်သက်နေကြသည်ဆိုပိုမှန်မည်...။ဂျယ်ယွန်းအတွေးတွေထဲမှာ ဘာတွေးနေမလဲဆောင်းဟွန်းမသိပေမယ့်
ဆောင်းဟွန်းရဲ့အတွေးတွေထဲမှာတော့ ဖွင့်ပြောသင့်လားဆိုသော ဒွိဟစိတ်တွေဟာအရှိန်အဟုန်မြင့်မား၍နေသည်..။သူဟာသရဲဘောကြောင်သည်..
ဂျယ်ယွန်းနဲ့ပတ်သတ်ရင်အရာရာမှာတွန့်ဆုတ်လွန်းသည်...။အားမလိုအားမရစိတ်လေးဝင်ပေမယ့် ဒီအခြေအနေကရှေ့ဆက်မတိုးဖို့အားကောင်းနေပြန်သည်...။
ဘယ်လိုလုပ်ရမှာလဲ ဂျယ်ယွန်းရယ်...
" မင်းက ငါ့ကိုလျှို့ဝှက်ချက်တွေတောင်ထားနေပီပဲ..."