05

178 25 1
                                    

ကျနော့်အဖေ့ဇာတိလေးမှာပိတ်နေမိတာလတောင်ချီနေပြီ....
တကယ်ဆိုကျနော်ထွက်သွားလို့ရပေမယ့် ထွက်သွားရင်ကြိုဆိုနေမယ့်လူဘသူမှမရှိဘူး....
ဒီအိမ်ကရောကြိုဆိုနေလားဆို ဟင့်ဟင် ကျနော်မသိဘူး ကျနော်သိတာ ညတိုင်းအိမ်မက်ဆိုးတွေမက်တယ် တခါတလေ ပျော်စရာအဝါရောင်ပန်းခင်းထဲကကခပ်ရေးရေးပုံရိပ်တခုကိုတွေ့တယ် ကျနော်မသိဘူး ဘသူလဲဆိုတာကျနော်မသိဘူး ကျနော်ခြေလှမ်းမလှမ်းမိသလို ရပ်မြဲတိုင်းရပ်နေခဲ့တယ် ကျနော်သွားလိုက်ရင် အ​ရာအားလုံးကအမှောင်ကျသွားတာကြောင့် ကျနော်ငေးဘဲကြည့်နေတယ်....
မက်တိုင်း ကျနော်စာအုပ်တအုပ်ပေါ်ချရေးမိတယ်ဒီပျော်စရာအိမ်မက်လေးတော့ ကျနော်ပိုင်ဆိုင်လို့ရတယ်မလား.....
တခါတလေ အိပ်ရမှာကြောက်လို့ ညဘက်တွေမှာအိပ်ချိန်နည်းလားတယ် တခါတလေအခန်းရဲ့ထောင့်စွန်းမှာ ငုတ်တုတ်လေးထိုင်နေမိသည်...
ဖွင့်ဟချင်မရှိတဲ့ လိုက်ကာစတွေနဲ့အတူ ကျနော်ကစိတ်ကျရောဂါကိုပိုခံစားလာရတယ်....
တခါတလေ စီးကရက်ထိုင်ဖွာရင်းနဲ့ ကျနော်အတွေးတခုထဲနစ်မျောတယ်....
ကျနော်မသိဘူး ကျနော်ဘာဖြစ်နေမှန်းမသိဘူး တခါတလေလှပလွန်းတဲ့အိမ်မက်ထဲမှာ ကျနော်နိူးထမလာချင်မိတာအမှန်..
တခါတလေ ကျနော်မသိဘဲ ကျနော်လက်မှာကုတ်ရာတွေ စိတ်တွေအရမ်းကြီးရူပ်လာတဲ့အခါ ကျနော်ကခဲတံချွန်ဓားလေးနဲ့ လက်တွေပေါ်သာသာလေးခြစ်တယ် သွေးတွေထွက်လာတဲ့အခါ ကျနော်ရယ်မိတယ် နာကျင်တယိ ဒါပေမယ့် သူဒီခံစားချက်ကိုကြိုက်တယ်....
.
.
.
.
.
'ဆယ်ဟွန်းက ခုအခြေနေဘလိုလဲ...'

ဆယ်ဟွန်းခပ်ရေးရေးလေးပြုံးလိုက်တယ်....

'ကျနော်မသိဘူး ကိုယ့်ကိုသတ်သေဖို့ကြိုးစားတိုင်း တစ်စုံတစ်ယောက်ကစောင့်နေတယ်လို့ခံစားရတယ်...'

ဆရာကခေါင်းလေးငြိမ့်ပြီး..

'အဝါရောင်ကောင်လေးကိုရောမှတ်မိလား.....'

ဆယ်ဟွန်းခေါင်းရမ်းလိုက်တယ်...

'ကျနော်မမှတ်မိဘူး ကျနော်သိချင်လို့အနားတိုးသွားရင် ပျောက်ကွယ်သွားမှာကြောက်လို့အမှောင်တွေထွက်လာမှကြောက်လို့ ကျနော်ငေးဘဲကြည့်နေရတယ်.....'

Just Dream!!!!!Where stories live. Discover now