ကျွန်တော်တကယ်မခံစားနိုင်တော့လို့ပါ
ခင်ဗျားတို့အတွက်ကျွန်တော်11နှစ်တောင်
ဒုက္ခ ခံခဲ့ပြီးပြီးလေဗျာ။အခုတော့ကျွန်တော့်ကိုလွတ်မြောက်ခွင့်ပေးပါတော့
ကျွန်တော့်ဘာသာပဲတစ်ယောက်တည်းရပ်တည်တော့
မယ်။
ခင်ဗျားတို့နဲ့အဝေးဆုံးကိုကျွန်တော်ထွက်သွားပြီ။
ခင်ဗျားတို့ပြောသလိုကျွန်တော်ကသုံးစားလို့မရတဲ့
အကောင်မဟုတ်ဘူးဆိုတာခင်ဗျားတို့ကိုသက်သေပြမယ်။ခင်ဗျားတို့စောင့်နေ တစ်နေ့ကျရင်ကျွန်တော့်ဆီမှာခင်ဗျားတို့ပြန်ခစားစေရမယ်။
ဟာဗျာ....ဒီမိုးကလည်းသည်းကြီးမည်းကြီးကိုရွာနေတော့တာပဲ။
ဖြစ်နိုင်ရင်ဒီမိုးတွေနဲ့အတူကျွန်တော့်ရဲ့နာကျင်မှုတွေကိုဆေးကြောပစ်လိုက်ချင်တယ်။
ဒါပေမဲ့ဖြစ်မှမဖြစ်နိုင်တာ
ဘယ်သွားလို့ဘယ်လာရမှန်းလည်းမသိ ကျွန်တော်မိုးရေထဲမှာလျောက်သွားနေတာ ....
အိမ်ကထွက်ပြေးလာတာဆိုရင်ပိုမှန်မလားပဲ။လေတွေကလည်းပိုပိုကြမ်းလာပြီး
မိုးတွေကလည်းပိုပိုသည်းလာသည်။ကျွန်တော်ရင်ထဲမှာလည်းခံစားချက်တွေကပိုပိုပြီး
ပြင်းထန်လာလို့လားမသိဘူး အံကြိတ်ပြီးတင်းထားရက်ကြားထဲကနေမျက်ရည်တွေကကျလာသေးသည်။"ဟာကွာ လေပြည်မှိုင်း မင်း ယောကျာ်း မဟုတ်ဘူးလား
ဘာ့လို့ဒီကျက်သရေမရှိတဲ့မျက်ရည်တွေကျလာရတာလဲ
အဲ့လိုလူမျိုးတွေအတွက်မင်းခံစားစရာမလိုဘူး''ကျွန်တော်ကအဲ့လိုပဲဗျတစ်ခါတလေကျ အရူးလိုပဲ
တစ်ယောက်တည်းလည်းစကားပြောနေတတ်တဲ့ကောင်။ဂျိမ်း........
ဒုန်း........
လေကပြင်းတာကြောင့်လေပြည်မှိုင်းပေါ်ကိုသစ်ကိုင်းကျိုးကျသွားသည်။ကျွန်တော်မူးနောက်သွားတာပဲ ကျွန်တော်ခုချိန်မှာသေ
သွား ရင်ကောင်းမှာပဲ ကျွန်တော်နောက်ဆုံးသိလိုက်တာကကျွန်တော့် ကမ္ဘာ ကြီးအမှောင်ကျသွားတာပါပဲ။"ဒီလိုမိုးသည်းတဲ့နေ့ကျမှပဲနောက်ကျရလားကွာ
မိုးအေးအေးလေးနဲ့ကွေးချင်လာပြီကွာ ''
YOU ARE READING
မမျှော်လင့်သောဖူးစာ👑 completed👑
Romanceမိုးတိမ်မည်းတွေလိုမျိုး မျိုသိပ်မထားဘဲ မင်းငါရှေ့ရောက်ရင်တော့ရင်ဖွင့်လို့ရပါတယ်ကွာ ရဲသွေးမာန် ခင်ဗျားက မုန်တိုင်းတွေထန်နေတဲ့ ကျွန်တော့်ဘဝထဲကိုဝင်လာတဲ့ သက်တန့်တစ်စင်းပါဗျာ လေပြည်မှိုင်း 27.5.2020 10.7.2020 မိုးတိမ်မည်းတွေလိုမိျုး မိျုသိပ်မထားဘဲ မင်းငါ...