ကျွန်တော်က အားနည်းလို့ နည်းနည်းလေး shockရသွားတာကို အကိုက အရမ်းတွေမှစိတ်ပူပြီး ဒီနေ့ အလုပ်မသွားရဘူးတဲ့
ဘယ်ရမလဲ အကိုအိမ်မှာမရှိတော့ တစ်ယောက်ထဲ သောင်းကျန်းလို့ရတာပဲ
သူပဲ အိမ်မှာနေခဲ့ခိုင်းပြီး စိတ်မချဘူးတဲ့
ကျွန်တော် အဲ့လောက်လည်း သူများပေါ်မှာအားမကိုးချင်ဘူး အကိုရာ...
ဒါပေမဲ့ အကို့အပေါ်မှာကျ ဘာ့လို့ အားကိုးချင်နေရတာလဲဒါမှမဟုတ် အကို့ရင်ခွင်ထဲမှာပဲ ခိုနားချင်နေတာလား
ကျွန်တော့်မသိတော့ဘူးဗျာ
အကို......ဆိုတဲ့ အတွေးတစ်ခုနဲ့တင် ကျွနိတော်
အကြိမ်ကြိမ်သေနေရတာမို့ပါအကိုမရှိဘူးဆိုတော့ အိမ်သန့်ရှင်းရေးလုပ်ရမှာပေါ့
ကျွန်တော့်အခန်းနဲ့ ဧည့်ခန်းကိုရှင်းပြီးတော့ အကို့အခန်းကို အကို့ခွင့်ပြုချက်မရှိဘဲနဲ့ ကျွန်တော် မဝင်ရဲဘူးလေကျွန်တော် အခန်းတံခါး လေးဖွင့်ကြည့်တော့
တံခါးက အသာအယာပဲပွင့်သွားခဲ့တယ်
ဒါဆို အကို lock ချမထားခဲ့ဘူးပေါ့
ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက်ကျေးဇူးပါ အကို..ဒါကျွန်တော့်အတွက် ပထမဆုံးအကြိမ် အကို့ အငွေ့အသက်တို့စုဝေးရာ နေရာလေးသို့ ရောက်ဖူးခြင်းပေါ့
ကုတင်ပေါ်မှာ အဝတ်အစားတွေနဲ့ ရှုပ်ပွ နေလေသည်အကို့ ကုတင်ဘေး က စားပွဲ ခုံလေးပေါ်မှာက
အကို သုံးနေကျ Gucci ရေမွှေး ပုလင်းလေး....
ပုလင်းဝကနေ ရေမွှေးနံတောင် နှစ်ခြိုက်စွာ ရှုရှိက်နေမိတဲ့ ကျွန်တော့်အဖြစ်က အရမ်း များ နွဲ့လွန်းရာကျသွားမလား
မသိတော့ဘူးဗျာ ပုံမှန်ဆို အမြဲ ရန်လိုပြီး ဒေါသထွက်နေတဲ့ ကျွန်တော် က အကိုနဲ့မှ နူးညံ့သွားလေသလား..အကို့ အခန်းကို အမြနိ သန့်ရှင်းရေးလုပ်ပြီး ထွက်လာခဲ့သည် မဟုတ်ရင် အကို့ရဲ့ အငွေ့အသက်တွေ ကြောင့်
ကျွန်တော် အဲအခန်းထဲမှာပဲ ရစ်မူးပြီးမထွက်နိုင်ဖြစ်နေဦးမယ်သန်ရှင်းရေးလည်း လုပ်ပြီးပြီဆိုတော့ ရေချိုးပြီး
အလုပ်လုပ်ဖို့ laptop ယူုပြီး စားပွဲပေါ်မှချကာရှိသေး
အကို့စကားက နားထဲဝင်လာလေသည်
VOCÊ ESTÁ LENDO
မမျှော်လင့်သောဖူးစာ👑 completed👑
Romanceမိုးတိမ်မည်းတွေလိုမျိုး မျိုသိပ်မထားဘဲ မင်းငါရှေ့ရောက်ရင်တော့ရင်ဖွင့်လို့ရပါတယ်ကွာ ရဲသွေးမာန် ခင်ဗျားက မုန်တိုင်းတွေထန်နေတဲ့ ကျွန်တော့်ဘဝထဲကိုဝင်လာတဲ့ သက်တန့်တစ်စင်းပါဗျာ လေပြည်မှိုင်း 27.5.2020 10.7.2020 မိုးတိမ်မည်းတွေလိုမိျုး မိျုသိပ်မထားဘဲ မင်းငါ...