Part-16

4K 535 5
                                    

#Zawgyi

သေရတာကနာကျင်သလားဆိုတာကိုကျွန်တော် 16 နှစ်အရွယ်လောက်ကနေ့တိုင်းလိုလိုတွေးမိခဲ့တယ်။
တကယ်လို့ကျွန်တော်သေသွားရင်ကျွန်တော့်မိဘတွေကကျွန်တော့်ကိုစောင့်နေလေမလားဆိုတဲ့ပေါက်ကရအ
တွေးတွေကိုလဲတွေးခဲ့ဖူးတယ်။
ကိုယ့်ကိုကိုသတ်သေဖို့လဲလုပ်ခဲ့ဖူးတယ်။
အခုအချိန်အထိလဲသေရတာကနာကျင်သလားမနာကျင် ဘူးသလားဆိုတာကိုတော့မသိရသေးပါဘူး ဒါပေမယ့်သေနတ်မှန်တာကအရမ်းနာမှန်းကိုတော့ ရင်ဘတ်ဆီတည့်တည့်ပြေးဝင်လာတဲ့ကျည်ဆံကြောင့်လက်တွေ့သိလိုက်ရသည်။
သေနတ်ပစ်ခံလိုက်ရပြီးဒူးထောက်ပစ်လဲသွားတဲ့နောက်အတွေးထဲမှာတွေးနေမိတာကတော့ကျွန်တော်အခု သေရတော့မှာလားဆိုတာပါဘဲ။
လူတွေကသူတို့သေခါနီးအချိန်မှာသူတို့ဘဝတစ်
လျှောက်လုံးကအဖြစ်အပျက်တွေကိုပြန်မြင်ယောင်လာ
ကြတယ်တဲ့။ ထူးဆန်းလိုက်တာ Ji ကျွန်တော်အခု
မြင်ယောင်နေမိတာတွေကတော့ခင်ဗျားနဲ့ကျွန်တော်အတူတူရှိနေခဲ့တဲ့မိနစ်တိုင်းစက္ကန့်တိုင်းကိုဘဲ...... ကြည့်ရတာကျွန်တော့်ဘဝတစ်ခုလုံးကခင်ဗျားနဲ့ဘဲပြည့် နေခဲ့တာထင်ပါရဲ့ ......
ရင်ဘတ်ကအရမ်းနာလာတယ် သွေးတွေလဲထွက် နေပြီထင်တယ်ကျွန်တော့်မျက်လုံးတွေမှိတ်ချင်လာတာ
မလို့ အိပ်ပျော်မသွားအောင်အသက်ရှင်နေထိုင်ခဲ့တဲ့ အချိန်တွေအကြောင်းကိုပြန်တွေးကြည့်မိတယ်။

ဒီဘဝမှာလုပ်ခဲ့သမျှအရာတွေအားလုံးထဲမှာမှနောင်တ
မရဆုံးအရာကိုပြောပါဆိုရင် Jiကိုသူဆေးလိပ်သောက် နေတဲ့ဓာတ်ပုံနဲ့ခြိမ်းခြောက်ခဲ့တာဘဲ။ တကယ်လို့ကျွန်တော်အဲ့ဒီ့အချိန်ကသာသူ့ကိုမခြိမ်း
ခြောက်ခဲ့ဘူးဆိုရင်Jiကကျွန်တော့်ကိုသူ့ရဲ့ပွဲတွေမှာတွေ့ရတတ်တဲ့ကင်မရာနဲ့ကောင်လေးတစ်ယောက်အဖြစ်နဲ့
တောင်သတိထားခဲ့မိပါ့မလားဘဲ။ ဆေးလိပ်ဆိုကာမှJiနောက်ပိုင်းဆေးလိပ်တွေပြန် သောက်နေရင်ဒုက္ခ ဒါပေမယ့်လဲသူ့ရဲ့ဘေးမှာSuga hyung ရှိနေမှာမလို့သိပ်တော့စိတ်ပူစရာမလိုပေ။ Suga hyung ကိုတော့ Jiကအစ်ကိုတစ်ယောက်လို ယုံကြည်ပြီးရိုလဲရိုသေတာမလို့ Suga hyung မာန်ရင်တော့သူနားထောင်လိမ့်မယ်ထင်တယ်။
နောင်တအရဆုံးအချိန်ဆိုရင်တော့ Jeju ကျွန်းမှာ Jimin နဲ့သူအတူအိပ်မိသွားခဲ့တဲ့ အချိန်ဖြစ်လိမ့်မယ်။
Ji ကကျွန်တော်ဒီကမ္ဘာပေါ်မှာကျွန်တော်တန်ဖိုးအထား ရဆုံးအရာတစ်ခုဖြစ်လို့ မူးပြီးအသိစိတ်ရှိမနေခဲ့တဲ့ Jiကို
အခွင့်အရေးယူခဲ့တဲ့အလုပ်မျိုးကိုကျွန်တော်ဘယ်တော့မှမလုပ်ခဲ့သင့်ဘူး။
အင်း အကြောက်ခဲ့ရဆုံးအချိန်ဆိုရင်တော့လွန်ခဲ့တဲ့နှစ် Japan ကဖျော်ဖြေပွဲတစ်ခုမှာသူaccidentဖြစ်ခဲ့တဲ့ အချိန်ဘဲဖြစ်လိမ့်မယ်။ စတိတ်စင်တဲ့သူတွေရဲ့အမှားကြောင့်ကနေရင်း Ji စင်အောက်ကိုပြုတ်ကျကာမျက်စိရှေ့မှာတင်ခေါင်း
သွေးတွေစီးကျနေပြီးနာကျင်နေတဲ့သူ့ရဲ့ပုံရိပ်ဟာညတိုင်းအမြဲခြောက်လှန့်နေတဲ့အိမ်မက်ဆိုးတွေထဲကတစ်ခုအပါ
အဝင်ပါဘဲ။
အဲ့ဒီ့အချိန်တုန်းကတစ်ခုခုဖြစ်သွားမှာကိုအရမ်းကြောက်ခဲ့တာ။
ဒါတောင်မှသွေးအလိမ်းလိမ်းနဲ့သူက Fanတွေကိုစိတ်မ ပူစေရန်အတင်းအားယူပြီးပြုံးပြနှုတ်ဆက်သွားခဲ့သေးတာ။ ခင်ဗျားဟာလေတစ်ခါတစ်လေကျရင် ကိုင်ကိုင်ဆောင့်ပစ်ချင်စရာသိပ်ကိုကောင်းတာဘဲ။ ကျွန်တော်သာတကယ်လို့မရှိတော့တဲ့အချိန်တွေကျရင်လဲခင်ဗျားကအခုလိုFanတွေကိုဘဲကြည့်တတ်တဲ့ခေါင်းမာတဲ့ကောင်လေးတစ်ယောက်အဖြစ်ဘဲဆက်ရှိနေအုံးမှာလား ကျွန်တော်သိချင်မိတယ်။
အပျော်ရွှင်ခဲ့ရဆုံးအချိန်ကတော့ ခင်ဗျားကကျွန်တော့် ကိုချစ်တယ်လို့ပြောခဲ့တုန်းကဆိုတာကိုကျွန်တော်
သံသရမရှိစွာပြောရဲတယ် ...... 'ချစ်မိနေတယ်ထင်တယ်' ဆိုတဲ့အသံတိုး တိုးလေးကနားထဲပြန်ကြားယောင်မိလာတော့ နာကျင် နေတာတွေအကုန်မေ့သွားပြီးတော့သူတောက်ပစွာပြုံး လိုက်မိသည်။ ကျွန်တော်ခင်ဗျားနဲ့မလုပ်ရသေးတဲ့အရာ တွေအများကြီးရှိသေးတာဘဲ Ji ... သာမာန်စုံတွဲတွေလိုရုပ်ရှင်အတူတူကြည့်ချင်သေးတယ် လက်ချင်းတွဲပြီးပန်းခြံလိုနေရာမျိုးမှာလမ်းလျှောက်ကြည့်ချင်တယ် စိတ်ဓာတ်ကျတတ်တဲ့ခင်ဗျားကိုခင်ဗျားကသာ အလှဆုံးဖြစ်ကြောင်းခင်ဗျားရဲ့အသံကသာအသာယာဆုံးဖြစ်ကြောင်းကိုခင်ဗျားပြုံးလာတဲ့အထိထိုင်ပြောပေး
ချင်သေးတယ် ပြီးတော့ကျွန်တော့်ထက်အသက် နည်းနည်းလေးပိုကြီးတဲ့ခင်ဗျားကို Jimin shi !!!ဆိုတဲ့အခေါ်အဝေါ်ထက်Hyungဆိုတဲ့နာမ်စားလေးနဲ့အစားထိုးခေါ်တတ်အောင်ကြိုးစားကြည့်ချင်သေးတာ....
Ji ကတော့ကျွန်တော့်ကိုIdol ဆိုတဲ့ Jiတန်ဖိုးထားရ တဲ့အလုပ်ရယ်အချစ်ဆုံးပါဆိုတဲ့ Fan တွေရယ်ကို တောင်ကျော်ပြီးရွေးခဲ့ပေမယ့်ကျွန်တော့်ကတော့ဘာမှ
ပြန်ပြီးလုပ်မပေးနိုင်ခဲ့ရလို့တောင်းပန်ပါတယ်ပြီးတော့အားနာရပါတယ် Ji......

" My boyfriend is my fanboy " (Complete)Where stories live. Discover now