ပထမဆုံးအနေနဲ့ ခံစားမိတာက ဆံနွယ်တွေထဲ တိုးပြီး တဖြူးဖြူး တိုက်ခတ်လာတဲ့ လေတွေ။
"လူဆိုတာ အချင်းချင်း လေးစားမှုလေးတော့ ရှိသင့်တယ်လေ .. နော့။ ဘယ်လောက်ပဲ စိတ်မဝင်စားဘူးဆိုဆို ဒီနေရာက ခြောက်တစ်လှည့် ချော့တစ်လှည့် လုပ်ရတဲ့ မူကြိုကျောင်းလည်း မဟုတ်"
ပြတင်းပေါက်ဘေး ကပ်ရပ်နေရာမှာ ထိုင်နေတာမို့ အဲဒီတဖြူးဖြူး တိုက်နေတဲ့ လေတွေဟာ ကျွန်မရဲ့ ဆံသားတွေတင်မက စားပွဲပေါ်မှာ လှန်ထားတဲ့ ဖြူလွလွ စာရွက်သို့ပါ အကျိုးသက်ရောက်သည်။
"전정국 .."
အဖြူရောင် စာရွက်ပေါ်မှာ အခံ့သားနေရာယူထားတဲ့ နာမည်လေးကို နှုတ်ခမ်းကနေ ခပ်တိုးတိုး ရေရွတ်တော့ မဖိတ်ခေါ်ဘဲ ပြိုဆင်းလာတဲ့ အပြုံးတွေ။ တစ်ခြားသူ မြင်ရင်တော့ ဒီကျောင်းသူ စာအလုပ်လွန်ပြီး ယဉ်ယဉ်လေးများ ရူးသွားသလားပေါ့။
အနားမှာ အသင့်စောင့်ဆိုင်းနေတဲ့ ဘောပင်ကို တစ်ချက်ဆွဲယူ၊ Jeon Jungkook ဆိုတဲ့ နာမည်ဘေး နေရာလွတ်လေးမှာ စက်ဝိုင်းရှည်ရှည်လေးတစ်ခု ရေးခြစ်လိုက်တယ်။ နောက်ပြီး အဲ့စက်ပိုင်းပေါ်မှာ နားရွက်ထောင်ထောင်လေး နှစ်ဖက်။
အင်း။ Jungkook-ssi က ယုန်လေးနဲ့ သိပ်တူတယ်။
မျက်လုံးဝိုင်းဝိုင်းလေးတွေရှိတဲ့ အဖြူရောင် ယုန်ပေါက်လေး။"အိပ်ချင်သလို အိပ်ပြီး အာရုံတွေလွင့်ချင်သလို လွင့်နေမယ်ဆိုရင်တော့ နားနေဆောင်မှာ သွားနေပါ။ ဒီမှာ စာသင်နေတဲ့ ကျောင်းသားတွေရှိနေတာမို့ အနှောင့်အယှက် ဖြစ်စေမယ့် အပြုအမူမျိုးတွေ မလုပ်ပါနဲ့"
"... .. ..."
"ဟေး ဟိုးနောက်ဆုံးတန်းရဲ့ အရှေ့က ဂျင်းဂျက်ကက် !! ငါပြောနေတာ ကြားလား"
လက်မောင်းသားတွေကို တစ်ယောက်ယောက်က ဘောပင်အဖုံးနဲ့ ခပ်သာသာ လာတို့လိုက်သလို ခံစားလိုက်ရတာနဲ့ ဆတ်ခနဲ ခေါင်းတွေ ထောင်လိုက်တဲ့အခါ ဟောဒီပတ်ဝန်းကျင်မှာ ရှိနေသည့် မျက်လုံးအစုံတိုင်းဟာ ကျွန်မမျက်နှာထဲ ဖောက်ထွင်းဝင်လာကြသည်။
"နာမည်က Go Eun Byul မလား။ ညည်း အိပ်နေတာ ဘယ်နှစ်ခုနှစ် ရှိနေပြီလဲ ပြောစမ်းပါဦး"
YOU ARE READING
ANGEL BESIDE HIM [ editing ]
Fanfiction❝ FIRST LOVE ; NEVER SIMPLE ❞ - a jeon jungkook fanfiction !