"ဒီလောင်တောင်ကဆရာကြီးလုပ်နေတဲ့ကောင်နှစ်ကောင်ကို
မှတ်လောက်သားလောက်ဖြစ်အောင်
ပညာပေးလိုက်ကြစမ်း"သူရဲ့စကားသံအဆုံးမှာ
အစေခံများအားလုံးကသူ့အမိန့်ကို
နာခံသည့်အနေဖြင့် ညီညာစွာတစ်ပြိုင်
နက်ပြောဆိုလိုက်သည်"ဟုတ်ကဲ့ပါ...သခင်လေး"
ထိုသူထွက်သွားသည်နှင့်တစ်ပြိုင်နက်
ကိုယ်ခန္ဓာပေါ်ကျရောက်လာသော
ရိုက်ချက်များကို တောင့်ခံရင်း
ကျနော်နှင့်Baekhyunသည်
အမှောင်ကမ္ဘာထဲသို့ထပ်မံတိုးဝင်
လျက်..."ဘယ်သွားမလို့ပြင်ဆင်နေတာလည်း
Kai?"Bodyguardsပေါင်းများစွာနဲ့
အပြင်ထွက်ဖို့ပြင်နေတဲ့Kaiကို
Chanyeolမေးလိုက်သည်"Sehunကိုထောင်ဝင်စာသွားတွေ့မလို့Hyung"
"Hyungလိုက်စရာလိုလား..."
"ရတယ်Hyungဟို၂ယောက်ကိုဘဲ
သေချာစောင့်ကြည့်ထားပါ""Ok Kai.."
Hyungကိုအားနားပါတယ်
စိတ်ထားကောင်းလွန်းတဲ့Hyungသာ
Sehunနဲ့ကျနော်တို့ရဲ့Planကိုသိသွား
ရင်...ကျနော်တို့ကိုHyungတားမှာ
သေချာလို့ပါ...
Hyungကိုအစ်ကိုရင်းလိုခင်ပေမဲ့
Hyungကကျနော်သွားမယ့်လမ်း
ကိုပိတ်ပင်မှာစိုးရိမ်လို့ပါ.........................................................
Kaiနဲ့အစေခံတွေထွက်သွားတော့
ကျနော်မြေအောက်ခန်းကိုဆင်းလာခဲ့သည်.......
Kaiလုပ်တာအရမ်းလွန်ပါသည်
Sehunထောင်ကျတဲ့အတွက်သူတို့
ကိုအဲ့လောက်ထိနှိပ်စက်စရာမလိုဘူး
ဟုကျနော်ထင်ပါသည်...
သူတို့လည်းသူတို့တာဝန်ကိုကျေပွန်
အောင်ထမ်းဆောင်ခဲ့တာဘဲလေ..."Baekhyun...အရမ်းနာနေလား"
ကျနော်တို့၂ယောက်သတိပြန်ရလာတော့...အရင်ဆုံးသတိဝင်လေတဲ့Kyung Sooကကျနော့်ကိုအားမရှိသည့်
လေသံဖြင့်မေးလေသည်"ငါအဆင်မပြေဘူးKyung Soo.
ငါအရမ်းနာတယ်"ဟုတ်သည်...
ကျနော့်ထက်ပိုပိန်သည့်Baekhyun
မှာမချိမလဲဝေဒနာကိုခံစားနေရသည်
ကျနော်လည်းခံစားနေရပါသည်...
ကျနော်သာ....
Baekhyunမအားတာကိုအတင်းဆွဲ
ခေါ်ပြီးBarကိုမလာခဲ့ဘူးဆိုရင်
ကျနော်တစ်ယောက်တည်း...
ကျနော်တစ်ယောက်တည်းဘဲဒီဝေဒနာ
ကိုခံစားရမှာ...