လော့ယွင်ရှီးက စိတ်ကိုအသာလျှော့လျက် ခြေထောက်အား အားပိုထည့်ကာ ခြေလှမ်းတွေကိုသွက်စေသည်။
အစည်းအဝေးခန်းထဲက အလောတကြီးထွက်လျက် အတော်လေးမြင့်သော ဒေါသအမှတ်ကိုပြနေသည့် မျက်နှာကြောင့် ဝန်ထမ်းများသည် အခြေအနေကိုကြည့်ကာ မကောင်းမှန်းသိ၍ ဘေးသို့ကပ်ကာ အလျှင်အမြန်ခေါင်းခုံပြီး နှုတ်ဆက်ကြသည်။
ပုံမှန်အခြေအနေသာဆိုရင် လော့ယွင်ရှီးအနေနဲ့ ထိုဝန်ထမ်းအားလုံးကို ပြန်ပြုံးပြနှုတ်ဆက်မှာဆိုပေမဲ့ ယခုကပုံမှန်အခြေအနေမဟုတ်။
ဘေးကအတွင်းရေးမှုးလေးသည်လည်း အကြောက်လွန်ပြီး မျက်နှာ၌ ဇောချွေးများပြန်လျက်။ဝန်ထမ်းများသည်လည်း သူတို့သူဌေး၏ မမြင်ဖူးသောပုံစံကို မြင်ရတာကြောင့် ကြောင်အ,လျက်။
" အဲ့ကောင်လေးအခုဘယ်မှာလဲ? "
လော့ယွင်ရှီးရဲ့စကားသံအထွက် ထိုအတွင်းရေးမှုးကောင်လေး၏ကိုယ်သည် တုန်တက်သွားသည်။
" သူ...သူ.ဌေးရဲ့ ရုံးခန်းထဲမှာပါ "
အတွင်းရေးမှုး၏ စကားကို အကြား လော့ယွင်ရှီး၏ခြေလှမ်းများ တုန့်ခနဲ့ ရပ်တန့်သွားသော်ငြား ခဏသာဖြစ်သည်။
သူသည် ယခင်ကထက်ပိုမှန်စေရန် ခြေလှမ်းများကို အလုပ်ပေးလိုက်သည်။
လော့ယွင်ရှီးက ဒေါသအနည်းငယ်လျော့ပါးစေရန် သက်ပျင်းအသာချသည်။" တောင်း...တောင်းပန်ပါတယ် သူဌေး
အဲ့ကောင်လေးက သူဌေးနဲ့မတွေ့ရရင် အခုအသစ်ထုတ်လိုက်တဲ့ထုတ်ကုန်ထဲမှာ လူတွေကို အန္တရာယ်ဖြစ်စေတာပါတယ်ဆိုပြီး ဖြန့်မယ်လို့ ုခြိမ်းခြောက်လို့ပါ။ ကျွန်တော်တို့ရဲ့ပစ္စည်းက အခုမှမိတ်ဆက်ပြီးပြီး ဝယ်ယူအားတွေက အရမ်းကောင်းနေတာမလို့ပါ။ "" မင်းအဲ့လောက် အဖြစ်မရှိတာလား? ဘာလို့ ကလေးတစ်ယောက်ရဲ့ အရေးမပါတဲ့ ခြိမ်းခြောက်စကားကို အဖတ်လုပ်ပြောနေရတာလဲ? "
" ဟို..အဲ့ကောင်လေးဆီမှာ ဆေးစာပါလာပါတယ် သူဌေး "
" ဆေးစာ? "
" ကျွန်တော်တို့ ကုမ္ပဏီရဲ့ပစ္စည်းကြောင့် သူအဲ့လိုဖြစ်သွားတာဆိုတဲ့ ဆေးစစ်စာပါ "
YOU ARE READING
FeiYun One shot collection
FanfictionYou can read FeiYun One shot in various types >< CV crd