Heart's Dictation ( Zawgyi ) Full Chapter

485 45 0
                                    

လော့ယွင်ရှီးက စိတ်ကိုအသာလျှော့လျက် ခြေထောက်အား အားပိုထည့်ကာ ခြေလှမ်းတွေကိုသွက်စေသည်။

အစည်းအဝေးခန်းထဲက အလောတကြီးထွက်လျက် အတော်လေးမြင့်သော ဒေါသအမှတ်ကိုပြနေသည့် မျက်နှာကြောင့် ဝန်ထမ်းများသည် အခြေအနေကိုကြည့်ကာ မကောင်းမှန်းသိ၍ ဘေးသို့ကပ်ကာ အလျှင်အမြန်ခေါင်းခုံပြီး နှုတ်ဆက်ကြသည်။

ပုံမှန်အခြေအနေသာဆိုရင် လော့ယွင်ရှီးအနေနဲ့ ထိုဝန်ထမ်းအားလုံးကို ပြန်ပြုံးပြနှုတ်ဆက်မှာဆိုပေမဲ့ ယခုကပုံမှန်အခြေအနေမဟုတ်။
ဘေးကအတွင်းရေးမှုးလေးသည်လည်း အကြောက်လွန်ပြီး မျက်နှာ၌ ဇောချွေးများပြန်လျက်။

ဝန်ထမ်းများသည်လည်း သူတို့သူဌေး၏ မမြင်ဖူးသောပုံစံကို မြင်ရတာကြောင့် ကြောင်အ,လျက်။

" အဲ့ကောင်လေးအခုဘယ်မှာလဲ? "

လော့ယွင်ရှီးရဲ့စကားသံအထွက် ထိုအတွင်းရေးမှုးကောင်လေး၏ကိုယ်သည် တုန်တက်သွားသည်။

" သူ...သူ.ဌေးရဲ့ ရုံးခန်းထဲမှာပါ "

အတွင်းရေးမှုး၏ စကားကို အကြား လော့ယွင်ရှီး၏ခြေလှမ်းများ တုန့်ခနဲ့ ရပ်တန့်သွားသော်ငြား ခဏသာဖြစ်သည်။
သူသည် ယခင်ကထက်ပိုမှန်စေရန် ခြေလှမ်းများကို အလုပ်ပေးလိုက်သည်။
လော့ယွင်ရှီးက ဒေါသအနည်းငယ်လျော့ပါးစေရန် သက်ပျင်းအသာချသည်။

" တောင်း...တောင်းပန်ပါတယ် သူဌေး
အဲ့ကောင်လေးက သူဌေးနဲ့မတွေ့ရရင် အခုအသစ်ထုတ်လိုက်တဲ့ထုတ်ကုန်ထဲမှာ လူတွေကို အန္တရာယ်ဖြစ်စေတာပါတယ်ဆိုပြီး ဖြန့်မယ်လို့ခြိမ်းခြောက်လို့ပါ။ ကျွန်တော်တို့ရဲ့ပစ္စည်းက အခုမှမိတ်ဆက်ပြီးပြီး ဝယ်ယူအားတွေက အရမ်းကောင်းနေတာမလို့ပါ။ "

" မင်းအဲ့လောက် အဖြစ်မရှိတာလား? ဘာလို့ ကလေးတစ်ယောက်ရဲ့ အရေးမပါတဲ့ ခြိမ်းခြောက်စကားကို အဖတ်လုပ်ပြောနေရတာလဲ? "

" ဟို..အဲ့ကောင်လေးဆီမှာ ဆေးစာပါလာပါတယ် သူဌေး "

" ဆေးစာ? "

" ကျွန်တော်တို့ ကုမ္ပဏီရဲ့ပစ္စည်းကြောင့် သူအဲ့လိုဖြစ်သွားတာဆိုတဲ့ ဆေးစစ်စာပါ "

You've reached the end of published parts.

⏰ Last updated: Jun 13, 2020 ⏰

Add this story to your Library to get notified about new parts!

FeiYun One shot collection Where stories live. Discover now