အကို့ရဲ့မောင်..🖤💛

291 20 2
                                    

~မင်းပြောတော့ချစ်တယ်ဆို~

Gun နာကျင်ရသည်..
တကယ်ကိုထိုလူသားကမထင်မှတ်ထားလောက်အောင်သွေးရူးဆန်သည်။

~ချစ်တယ်လေအကိုရဲ့~

~ဒါဆိုဘာလို့ဒီလိုလုပ်တာလဲမောင်~

~ကိုယ်အကို့ကိုချစ်လို့ပေါ့~

နားမလည်တော့ပါ.
မိဘတွေနဲ့ခွဲပြီးတစ်ကိုယ်ထဲထားလောက်တဲ့ထိ
သူကကိုယ့်ကိုချစ်တယ်တဲ့.
ကိုယ်ယုံကြည့်ရမှာလား?

~Mark အကို့ကိုသေချာကြည့်ပါဦး
မင်းအကို့ကိုမသနားဘူးလားဟင်?မင်းအကို့ကိုတကယ်ချစ်ရဲ့လား~

Mark ကသူပါးပေါ်တင်ထားသောလက်နှစ်ဖက်ကို
ညင်သာစွာကိုင်ပြီး

~ချစ်တာပေါ့အကိုရဲ့ဒါကြောင့်အကို့ကိုဒီခေါ်လာတာလေဒါဆိုအကို့မိဘတွေကိုသတ်တာအကိုမမြင်ရတော့ဘူးလေအကိုလဲမခံစားရတော့ဘူးပေါ့~

ငါသိတဲ့ mark ကဒီလိုမဟုတ်ဘူးလေ..
ငါ့ကိုသိပ်ချစ်ပြီးအရာရာတိုင်းကြင်နာမှုတွေနဲ့
ပြည့်နှပ်နေတဲ့ mark..
သူ..သူဘယ်ရောက်သွားတာလဲ?

~လျှောက်တွေးမနေနဲ့တော့အကိုထမင်းစားရအောင်~

ပါးပြင်ပေါ်မျက်ရည်ကျလာတော့လာသုတ်ပေးကာဖက်လေသည်.

~အကိုမငိုပါနဲ့အကိုငိုတော့ကိုယ်ငိုချင်တာပေါ့~

အချစ်တိုးရပြန်ပြီမောင်ရယ်..
မင်းအကို့ကိုတွေဝေအောင်များလုပ်လေသလား?

ဖက်ထားရာကခွာလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တော့
နှုတ်ခမ်းလေးကိုထိရုံလေးနမ်းကာ ပန်းကန်နဲ့ဇွန်းကိုအရှေ့ချပေးသည်။

~အကိုကလိမ္မာလိုက်တာ~

သူပြုံးနေတော့ကိုအပြစ်မမြင်ရက်ပြန်ဘူး
ငါကရော..
မိုက်မဲနေတာလား?

****************
~အကို~

ခေါ်သံလေးကကျောရိုးတစ်လျှောက်ကိုအအေးဓာတ်တွေဖြန့်ဝေစေသည်.
လှည့်မကြည့်တော့ဘူး.
မင်းပဲမှလား?

~ပြန်လာပြီလား~

~အင်း အကိုဗိုက်ဆာနေပြီလား~

ခေါင်းငြိမ့်ပြလိုက်ကာသူ့ကျောပြင်လေးကိုမျက်နှာအပ်ပြီးခါးသွယ်သွယ်လေးကိုဖက်ထားလိုက်သည်။

အကို့ရဲ့မောင်..🖤💛(အကို့ရဲ့မောင်..🖤💛)Where stories live. Discover now