မနက်ခင်းနေရောင်က ပြတင်းပေါက်ဆီက အလုအယက်ဝင်ရောက်လာခဲ့ပြီ
ရှောင်းကျန့် ထမင်းစားပွဲမှာထိုင်နေတုန်း
ညထဲက ခုမနက်ထိ ထိုင်စောင့်နေမိတုန်း
ဝမ်ရိပေါ်ဟာ အားရန်ကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့
ခုထိပြန်ရောက်မလာသေးဘူး။ပါးပြင်ကမျက်ရည်စတို့ကခြောက်ကပ်နေပြီ
အသက်ကိုပြင်းပြင်းရှုရှိုက်ကာ
ခြောက်ခြောက်ကပ်ကပ် ရီနေမိတယ်
သူအခုထိဘာကိုစောင့်နေတာလဲ ?ခုံကထရပ်တော့ တစ်ညလုံးထိုင်ထားတဲ့အကျိုးက
ခြေထောက်တွေထုံနေပြီ
မဟုတ်ဘူး အမှန်ဆို သူ့နှလုံးသားပါ ထုံထိုင်းနေတာ
သူဘယ်လောက်ဖြည့်ဆည်းပေးခဲ့ ချစ်ပေးခဲ့
မင်းအတွက် မလိုအပ်ခဲ့ဘူးထင်တယ်...အလုပ်ရောက်တဲ့အထိ စိတ်နဲ့လူမကပ်ဘူး
ရိပေါ်ဆီလည်း ဖုန်းထပ်ဆက်ဖို့ မလုပ်တော့ဘူး
ကိုယ်အခုကစလို့ စွန့်လွှတ်တတ်ဖို့ကြိုးစားရတော့မယ်ထင်တယ်
မင်းမရှိလည်း ကိုယ့်ဘဝကြီးပုံမှန်လည်ပတ်ဖို့။တစ်နေကုန်ခုံမှာ အလုပ်တွေတရစပ် လုပ်နေတဲ့ရှောင်းကျန့်ကို
ယွီပင်အကဲခတ်တယ်
ညနေရုံဆင်းချိန်ထိတောင် ထိုင်ရာကမထဘူး
နေ့လည်းစာလည်း ထစားတာမတွေ့ဘူး"ရှောင်းကျန့် မပြန်သေးဘူးလား "
သူမေးမှ လက်ကနာရီကို ငုံ့ကြည့်ကာ
ခုမှအချိန်တွေကို သတိထားမိသွားသလို"အာ..ဒီအချိန်တောင်ရှိနေပြီလား "
ရီကျဲကျဲနဲ့ပြောလာတဲ့ရှောင်းကျန့်အပြုံးတွေဟာ
အသက်မပါလှဘူး။"ပြန်ကြမလား "
"ကောင်းပြီလေ "
ကားပေါ်မှာအတော်ကြာတဲ့ထိတိတ်ဆိတ်မှုသာစိုးနေတယ်
"ရှောင်းကျန့်.မင်း""ယွီပင် မင်းပြောတာမှန်တယ် "
ရှောင်းကျန့်ကအပြင်ဘက်ကိုငေးကာစကားစလာတယ်
"စွန့်လွှတ်ဖို့လေ ငါကြိုးစားကြည့်ရတော့မယ်ထင်တယ်
အဟက်.."ပြောရင်းနဲ့ ရှောင်းကျန့်ဖုန်းဆီဝင်လာတဲ့
ဓာတ်ပုံတစ်ပုံ...အရူးတစ်ယောက်လိုသာအော်ဟစ်ရီမောလိုက်တော့တယ်
သူတက်နိုင်တာဒါပဲရှိမယ်ထင်တယ်။