1

372 32 6
                                    

"ကျွီ"

"အား"

"ဘာလဲဟ"

လူကိုရိပ်ခနဲမြင်လိုက်လို့ ဘရိတ်ကိုအချိန်မီအောင်
အုပ်လိုက်နိုင်သော်လည်း နားထဲစူးလောက်အောင် နာနာကျင်ကျင်အော်လိုက်သံ ကြာားရတာကြောင့် စိတ်ကမျက်ခနဲဖြစ်သွားရသည်။သူ့ကားနှင့်ထိခိုက်မိသည်လို့ မထင်ပါ။ဒါဆိုဘာကြောင့်လဲ။

"Oppaကားပေါ်ကဆင်းကြည့်လိုက်ဦးလေ တော်ကြာလူတွေဝိုင်းလာရင် ပြဿနာ ရှာခံနေရဦးမယ်။"

"ကိုယ့်ကားနဲ့ထိမိတာမဟုတ်ဘူးEunji သက်သက်မဲ့အကြံအဖန်တွေလုပ်နေတာဆိုရင် ပိုပြီးပြဿနာရှုပ်ကုန်လိမ့်မယ်။"

"အခုကကိုယ့်ကားရှေ့မှာလေ ကားကိုဘယ်လိုလှည့်ထွက်ပြီးမောင်းပြေးလို့ ရမှာလဲ။မြန်မြန်သာပြဿနာရှင်းလိုက်ပါ Eunjiချိန်းထားတဲ့ကိစ္စ အရမ်းအရေးကြီးတယ်
အချိန်မီသွားရမှာ။"

"ကျွတ်...ဒုက္ခပါဘဲကွာ။ဘယ်လိုပြသနာနဲ့လာတိုးနေရတာလဲမသိဘူး။Eunjiကိစ္စအရေးကြီးလို့ အိမ်မှာOmmaတို့နဲ့
စကားတောင်ကောင်းကောင်း ပြောခဲ့ရတာမဟုတ်ဘူး။"

Hwang Hyunjinတစ်ယောက်စိတ်မရှည်စွာနဲ့
ကားပေါ်ကဆင်းလိုက်သည်။EunjiကိုOmmaတို့နဲ့ မိတ်ဆက်ပေးချင်တာကြောင့် အိမ်ခေါ်လာခဲ့ပေမယ့်
Eunjiရဲ့လုပ်ငန်းကိစ္စတွေကြောင့် အချိန်ကြာကြာတောင်မနေခဲ့ရ။

"ခင်ဗျား ဘာရပ်ကြည့်နေတာလဲ။ဒီမှာ မထနိုင်တာမမြင်ဘူးလား"

"မြင်တယ်လေ မြင်လို့ကိုမင်းကိုမထူတာပေါ့။ပြီးတော့
မင်းနဲ့ င့ါကားနဲ့မထိဘူးနော် နှစ်ပေကျော်လောက်
တောင်ကွာနေတယ်။"

"ခင်ဗျားကားကို လန့်ပြီးတော့ရှောင်လိုက်လို့ဒီလိုဖြစ်တာလေ။ခင်ဗျားမှာတာဝန်ရှိတယ်ဆိုတာမသိဘူးလား။"

"မင်းလန့်ပြီးရှောင်လိုက်တာ မဖြစ်နိုင်ပါဘူး။ငါ့ကားလာတာမြင်လို့ မင်းပြေးဝင်လိုက်တယ်လို့ဘဲ ငါထင်တယ်။ငါသာသတိလွတ်ပြီး အချိန်မီဘရိတ် မအုပ်မိလိုက်ရင် မင်းအရေးပေါ်အခန်းထဲဖြစ်ဖြစ် နောက်ဘဝဘဲဖြစ်ဖြစ် ရောက်နေလောက်ပြီ။"

"ခင်ဗျားကBookieကို ကားအတိုက်ခံချင်ယောင်ဆောင်ပြီး ငွေညှစ်တဲ့လူလိမ်လို့ထင်နေတာလား။"

သူဖန်ဆင်းတဲ့...ရင်ခုန်သံ(Hyunlix)Where stories live. Discover now