"ဟား ဟား ဟား"
"ဟင်း ဟင်း ဟင်း"
ထိုအကြောင်းကို ပြန်ပြောပြဖြစ်တော့ မိသားစုတွေရယ်လို့မဆုံးကြ။သူကလည်းHwang Hyunjinကို ဘယ်လိုလုပ်ခဲ့သည်ဆိုတာကို အားရပါးရပြန်ပြောပြတာ။
"ဟို ဒါဆို သားလေးလက်သီးနဲ့အထိုးခံရတော့ တော်တော်လေးနာသွားမှာပေါ့နော်။ဖူးယောင်ညိုမဲသွားလားဟင် Bookieလေး လက်ဆကတော်တော်ပြင်းသွားလား။"
"ယောက်ျားလေးဘဲကွာ ဒီလောက်ကဘာဖြစ်မှာလဲ။ငါကတော့နှစ်ယောက်လုံးကို Bookieလေး ပညာပေးတာ ကျေနပ်တယ် အားရတယ်"
"အန်တီလည်းကျေနပ်တယ် ဒါပေမယ့် မသေကောင်း
မပျောက်ကောင်းနော်Bookieလေး ကားရှေ့ဝင်တိုးတာ သားလေးကသတိထားပြီး ဘရိတ်မအုပ်မိရင် ဘယ်လိုလုပ်မလဲ။""အေးဆေးပါ အန်တီလေးရာ ဆိုလ်းမြို့မှာ ဆိုင်ကယ်စီးတဲ့သူရော ကားမောင်းတဲ့သူရော ဘယ်လိုအကွာအဝေး ဘယ်လိုဆိုတာ ကျွမ်းကျင်ပြီးသားပါ။"
"ဟုတ်ပါပြီ ဟိုမိန်းကလေး ကားပေါ်ကဆင်းပြေးသွားတဲ့ပုံလေး ပြန်ပြောစမ်းပါဦး။"
Na Eunjiအထိနာတာကို ကြားပြီးသွားတာတောင်အားရကြပုံမပေါ်သေး။သူကလည်းဆိုဖာခုံပေါ် တင်ပျဉ်ခွေထိုင်လိုက်ပြီး
"သူ့မျက်နှာက နဂိုတည်းက သုန်မှုန်နေတာမဟုတ်လား"
"အေးလေ အေးလေ မိန်းကလေးဖြစ်ပြီး ပြုံးပြုံးရွှင်ရွှင် ဖော်ဖော်ရွေရွေကိုမရှိဘူး ယောက်ျားလေးရှင်ဘက် လိုက်တွေ့တာကို သူ့လက်အောက်ဝန်ထမ်းတွေကို လာတွေ့တယ်များ
ထင်နေလားမသိပါဘူး။""ရိုသေမှုမရှိ လေးစားမှုမရှိ ကိုယ်ကဘဲသဘောတူလွန်းလို့ အောက်ကျို့ခံပြီး
တွေ့ချင်လွန်းလို့ ခေါ်လာခိုင်းတယ်များထင်နေလား
မှမသိတာ။""မင့်သားကဘယ်လိုမျက်စိနဲ့များ ရွေးလိုက်တာ လဲမသိပါဘူးကွာ။ငါနဲ့များကွာပါ့ မိန်းကလေးတစ်ယောက်ကို ဒီလောက်တောင်ပျာယာ
ခတ်နေရတယ်လို့""အော် ယောက်ျားရယ် သားလေးHyunjinက
ကိုယ့်အိမ်လာတဲ့ဧည့်သည်မို့ အဲ့ဒီလိုဧည့်ခံတာနေမှာပါ။ဘယ်တုန်းကများ ကျွန်မတို့
သားလေးက ဘယ်သူ့ကိုဖြစ်ဖြစ် အဲ့လိုဆက်ဆံဖူးလို့လဲ"