(Zawgyi)
Jungkookလဲသူ့ရဲ့ယုန်ပုံကိုဆေးခြယ်လို့အပြီး အညောင်းဆန့်လိုက်တယ်။ကလေး ခုံလေးတွေမို့လို့jungkookကခေါင်းငုံပြီးအရောင်ခြယ်ရတာကတော်တော်တော့အဆင်မပြေချေ။
Jungkookက သုံးလက်ဆ မီးခိုရောင်ဆေးဗူးလေးကိုပိတ်ရင်း ကြည့်လိုက်တော့ taehyungလဲပြီးနေပြီဖြစ်တယ်။jungkookသာဘာမှမပေတာ taehyungမျက်နှာဖြူဖြူလေးပေါ်မှာ လိမ္မော်ရောင်ဆေးရာလေးကထင်းခနဲ။
Jungkook's pov
"ကျားပေါက်လေးနဲ့တူလိုက်တာ ကလေးလေးအတိုင်းဘဲကွာ....."
Jungkookကသူရဲ့အိတ်ကပ်ထဲက လက်ကိုင်ပ၀ါလေး ကိုထုတ်ကာ ပုံခြယ်နေတဲ့ taehyung ရဲ့မျက်နှာပေါ်ညှင်သာစွာ သုတ်ပေးလိုက်တယ်။
"ပေနေတာလား.....ဘယ်နားမှာလဲ "
"နဲနဲဘဲ.....အခုရပြီ"
"ဦးဂျွန်ပုံလေးကလှသားဘဲ....."
"မင်းရွေးပေးထားလို့လေ...."
Taehyungနဲ့jungkookအကြည့်ချင်းဆုံကာခဏငြိမ်နေကြတယ်။
"ဟိုဒီပုံလေးတွေပြီးရင်အပူပေးတော့မလားရှင့်"
ဆိုင်က၀န်ထမ်းလာပြောမှ နှစ်ယောက်လုံးအကြည့်လွဲကာ ပုံတွေပေးလိုက်တယ်။
Jungkookကအညောင်းဖြေသည့်အနေနဲ့ခုံကထကာ ထိုနေရာမှာရပ်နေသည်။taehyungကတော့ခုံမှာထိုင်နေတုန်းပေါ့။
"ဦး......"
ကလေးသဲသေးသေးလေးကြောင့်jungkookငုံကြည့်လိုက်တယ်။jungkookနဲ့taehyungအရှေ့မှာရပ်နေတဲ့ကလေးသေးသေးလေး။သူက စားပွဲကိုတောင်သိပ်မမှီဖူး။jungkookကမော့ကြည့်နေတယ်။
"ကလေးလေး ဘာလို့လဲ"
Jungkookကကလေးနားမှာဆောင့်ကြောင့်ထိုင်ကာ ကလေးရဲ့ကျောလေးကိုထိန်းကိုင်ပေးထားသည်။
"သားကို အပြာရေးပေးပါရား....."
"ပေးရမှာပေါ့.....ဦးကြည့်ပေးမယ်...."
စားပွဲကဆေးခြင်းထဲ အပြာနှစ်မျိုးကို jungkookယူလိုက်သည်။
YOU ARE READING
𝑯𝒆𝒂𝒓𝒕 𝑯𝒖𝒏𝒕𝒆𝒓♡(Z+U)Completed♡︎
Romance"ခင်ဗျားကိုသေအောင်မုန်းသွားပြီ ထင်ပါရဲ့ အဲ့ဒါကြောင့်ပေါ်မလာပါနဲ့" -Kim Taehyung- "ငါလိုက်လျောပေးခဲ့တာတွေကချစ်လို့ မင်းအမိန့်ကိုတော့နာခံခဲ့တာမဟုတ်ဖူး" -Jeon Jungkook- "ခင်ဗျားကိုသေအောင်မုန်းသွားပြီ ထင်ပါရဲ့ အဲ့ဒါကြောင့်ပေါ်မလာ...