Zaw Gyi
" အင်းပါ Hyung ဂရုစိုက်ပါ ဒါပဲနော် ဖုန်းချလိုက်ပြီ "
video call လေးကို end နှိပ်လိုက်ပြီး Jimin သက်မမောကို ချလိုက်မိသည် ။ Yoongi Hyung... စစ်တပ်ထဲက စစ်ဆရာဝန်တစ်ယောက်... အမြဲရှုတည်တည်နေထိုင်ပြီး လူနာများအပေါ်တွင်သာ အထူးဂရုစိုက်ဆက်ဆံပေးသော Hyung နဲ့ သူရဲ့ဆက်ဆံရေးက သူများတွေလို ပန်းခင်းလမ်းတော့မဟုတ်ခဲ့ပါလေ..
" Silent Relationship "
ဘဝရဲ့အခါးသီးဆုံးအချိန်မှာ သူ Hyung နဲ့တွေ့ခဲ့ရပါသည် ။ ကံကြမ္မာရဲ့ဖန်တီးပေးမှုအရ သူတို့နှစ်ယောက် ဆုံတွေ့ခဲ့ကြသည်မှာ game ကစားပွဲတွင်သာ...
flashback #
" Jimin အချစ်ကိုယ်တို့ clan ထဲဝင်လိုက်လေ.. အချစ်ကအခုမှဆော့တာဆိုတော့ ကိုယ်တို့ရုံးကလူတွေနဲ့ပေါင်းဆော့ပေါ့.. ကိုယ်လည်းရှိနေတာပဲ "
Taemin အပြောကို Jimin ခေါင်းညိမ့်ပြလိုက်ရင်း ပျော်ရွှင်ကာဆက်ဆော့နေမိသည် ။ အရင်ကတော့ ဂိမ်းဆော့ဖူးပေမယ့် ဒီလောက်အထိ မစွဲလမ်းခဲ့ပါ ။ CoC game ဟာပျော်ဖို့ကောင်းသလို clan war တွေကလည်း သိပ်ကိုသဘောကျဖို့ကောင်းခဲ့တာပေါ့ ။တက္ကသိုလ်ဒုတိယနှစ်ရှုံးပီးတော့ Seoul ကအစ်မအိမ်မှာ ယောင်လည်လည်လုပ်နေခဲ့တဲ့ Jimin ဟာ နယ်ကအမေတွေဆီလည်း မပြန်ဘဲ ရည်းစားဖြစ်တဲ့ Taemin နားမှာပဲနေရင်း အချိန်ကုန်နေခဲ့တာဖြစ်သည် ။
" ကျွန်တော့်ကို တစ်ယောက်လောက် hog ကိုင်နည်းလေးပြောပြပါလား ကျွန်တော်မသိလို့ပါ Hyung တို့ "
Clan chat box ထဲက msg request မှာတက်လာသော Jimin စာကို clan သားတွေအားလုံးဝိုင်းဖတ်ကြပြီး တစ်ယောက်တစ်ပေါက်ပြောနေကြရင်းနဲ့မှ
" ကိုယ်ပြောပြမယ် ဒါကိုယ့်အကောင့်... မင်း လာ hi လိုက်ပါ "
Chat box ထဲကကယ်တင်ရှင်ကို Jimin ကျေးဇူးတွေအလီလီတင်ရင်း hi လိုက်မိသည် ။ အဲဒီအဖြစ်အပျက်က Jimin ဘဝကိုတစ်ဆစ်ချိုး ပြောင်းလဲသွားစေမိမယ်လို့ မထင်ခဲ့မိတာ အမှန်ပါပဲ ။
🕸️
" အား... Hyung... ဖြည်းဖြည်း "
" Jimin မင်းသွေးထွက်သွားပြီ.. သွားဆေးလိုက်ဦး "
YOU ARE READING
Yoonmin Oneshot Collections
FanfictionAll about BTS Yoonmin fanfics. Min ¥oongi ~ Park Jimin Love stories between them .. All are one shots and my imaginations. Feel free to enjoy my work.