မျက်လုံးဖွင့်လိုက်တော့ ကျွန်တော့်ကို အုပ်မိုးကြည့်နေတဲ့လူတစ်ယောက်... သတိချပ်ပြီး ထမယ်အလုပ် နံရိုးတစ်နေရာက စူးခနဲ။
"ဖြည်းဖြည်း...ဖြည်းဖြည်း အရိုးနည်းနည်း အက်သွားတယ်တဲ့ "
လူကား အန္တရာယ်ရှိမည့်ပုံမပေါ်၍ကျွန်တော် အနည်းငယ်ဖြေလျှော့ လိုက်သည်။
ထိုလူက အိပ်ယာပေါ်သေချာပြန်ချပေးရင်း ...
" မင်းကို တောင်အောက်မှာတွေ့လာတာ ... တော်ပါသေးရဲ့
သိပ်မစိုးရိမ်ရလို့ "အပြုံးလှလှနဲ့ ထိုလူသားပြောကာမှ
တဆစ်ဆစ်ကိုက်နေတဲ့ခေါင်းကို အလုပ်ပေးကြည့်တော့ ...ကျွန်တော်နဲ့ Suho Hyung တို့ ရန်ဖက်ဂိုဏ်းကို စုံစမ်းဖို့ထွက်လာခဲ့သည်ပဲ။ တောင်ပေါ်ကနေ ဂိုဏ်းရဲ့ စခန်းကို လှမ်းအမြင် ရောက်ချင်ဇောနဲ့ Suho hyung ကို ချန်ထားပြီး ထွက်လာခဲ့ရင်း တောင်စောင်းကနေ လိမ့်ကျလာခဲ့သည်ကိုး။
Hyung တစ်ယောက်တော့ ပျာယာခက်နေတော့မှာပဲ ... ဟုတွေးပြီး သက်ပျင်းငွေ့ငွေ့ချမိပေမယ့် သောက်ကျိုးနည်း ရန်ဖက်ဂိုဏ်းက တောင်အောက်မှာရှိသည်လေ။
ရုတ်တရက်လန့်ဖြန့်ပြီး သူ့အားကြည့်မိတော့..." ဆေးရုံမပို့နိုင်တာ စိတ်မရှိပါနဲ့ Shixun နယ်မြေအခြေနေက မဟန်ဘူးဆိုတော့..."
"Shixun...? "
ဘယ်က Shixunလဲ?"အော်... ကျွန်တော်တို့ ခင်ဗျားကိုယ် ကိုရှာတော့ မဟာမိတ်တွေဆီက စာ တွေ့တယ်လေ... အအဲ့တာလည်း စိတ်မရှိပါနဲ့ဗျာ လုံခြုံရေး အရမို့ပါ ... Exodus ဂိုဏ်းကလူတွေက ခုတလော သူလျှိုတွေ သိပ်လွှတ်တယ်ကြားလို့ "
ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးကျင်ခဲမတတ်။ ဒါဒါပေမယ့် Shixun? စာ? ဘယ်က စာ?
######
"Sehun ဟိုမှာ လူတစ်ယောက်"
ကျွန်တော် ဘုကြည့် ကြည့်မိလိုက်သည်။ ဘယ့်နှယ့်... CBX ဂိုဏ်းကိုရောက်ဖို့ ဒီတောကြိုအုံကြားဖြတ်နေရပါတယ်ဆို သူက လူမြင်တာ ပြနေသေး။ ဒါပေမယ့် လူတစ်ယောက်ဗျ။ သေချာပေါက် လူတစ်ယောက်။ သွေးသံရဲရဲနဲ့ လဲကျနေတဲ့ လူတစ်ယောက်။
အနားပြေးသွားကြည့်တော့ ရင်ဘက်မှာ ၀က်ဝံကုပ်ရာကြီးက အတိုင်းသား။ အသက်တအသက်တော့မသေလောက်ပေမယ့် ဒီအတိုင်းထားလဲ မကောင်း။ Suho Hyung ကို ကြည့်မိတော့ ဟိုရှာဒီနှိုက်နဲ့...