🚬🚬

7 0 0
                                    

မတူညီခြင်းတွေဟာ ဘယ်ကစခဲ့လဲ ကိုယ်တော့ သေချာမသိဘူး...
ဆေးလိပ်နံ့ကို လုံးဝမခံနိုင်တဲ့ ကိုယ်နဲ့ ဆေးလိပ်သောက်ရတာ ကြိုက်တဲ့မင်း ချစ်မိတာကပဲ စခဲ့တာလား မပြောတတ်...

မင်းထွက်သွားတဲ့နေ့ထဲက စပြီး ကိုယ်ဆေးလိပ်တွေစစုဖြစ်တယ်..ဘာရယ်မဟုတ်ဘူး မင်းနဲ့ပြန်တွေ့ဖြစ်ရင် လက်ဆောင် အဖြစ် ပေးချင်တာလား မင်းအဖြစ်နဲ့ သတ်မှတ်ပြီး ရေဖျော်ပစ်ချင်တာလားတော့ သေချာ ရေရေရာရာ မသိ..

ဒီအရာက ဘယ်လောက်များ ကောင်းလွန်းလို့ မင်းစွဲလမ်းရလဲ အဖြေကို သိချင်မိလို့ ကိုယ် တလိပ်စမ်းသောက်ကြည့်သေးတယ်.. မင်းနဲ့ပြန်တွေ့ရင် ကိုယ်ဆေးလိပ်နံ့ကို ခံနိုင်သွားပြီ ဖြစ်ကြောင်း ဝမ်းသာအားရ ပြောပြချင်တာကြောင့် ထင်တာပဲ...
ဒါပေမယ့်လဲ အရမ်းမွှန်လွန်းလို့ အသက်ရှုပါကြပ်ခဲ့ကြောင်း အခန်းထဲ အနံ့တွေနဲ့ လှောင်ကုန်လို့ ပြတင်းပေါက်ဖွင့်ပြီး ပန်ကာနဲ့ပါမှုတ်ထုတ်ခဲ့ရ​ကြောင်း တွေ မင်းကို ရယ်မောပြီး ပြောပြချင်မိသေးတယ်..

မင်းကို ပြန်လိုချင်တာလား အမှတ်တရတွေကို ပြန် လိုချင်တာလားဆိုတာလဲ ကိုယ်မသဲကွဲဘူး..
တခါတလေတော့လဲ တခုခုစားပြီးတိုင်း ဆေးလိပ်သောက်ချင်တဲ့ မင်းက ကိုယ့်ဆေးလိပ်နံ့ မခံနိုင်လို့ သည်းခံပြီး နေခဲ့တာကို သဘောကျတာလား... ​ဆေးလိပ်သောက်ချင်တဲ့ အာသီသကို ဖြေဖို့ ပီကေတွေ ဝါးတတ်တဲ့ မင်းကို သတိရလားတော့ မသိပေမယ့် ကိုယ်ကတော့ အမြဲတမ်း ပီကေဘူး ဆောင်ထားမိတုန်းပါပဲ...

You've reached the end of published parts.

⏰ Last updated: Jun 08, 2020 ⏰

Add this story to your Library to get notified about new parts!

EmilyWhere stories live. Discover now