Country road ...
Take me home...
To the place...
I belong...
West virginia...
Mountain mama...
Take me home...
Country road....အနားသို့မရောက်ခင် ဟိုအေဝးထဲက လှမ်း၍ကြားနေရတဲ့ သီချင်းက ဤေနရာ သူရောက်နေတဲ့ ဤအရပ်နဲ့အတော်ကိုပနံသင့်နေတယ်...
အမေရိကန်ပြည်ထောင်စုရဲ့ အဝေးပြေးလမ်းမကြီး တစ်နေရာပေါ်က မောင်းနှင်လို့လာတဲ့ ထရက္ကား အစုတ်လေးဆီမှ နီးလာတာနဲ့ အမျှ ပိုပိုကျယ်လာတဲ့သီချင်းသံလေး
က သူ့လိုခရီးသွားတစ်ယောက်အတွက် အရမ်းကို စိတ်ချမ်းသာမှုပေးနိုင်တဲ့အရာဘဲ....လက်ပြကာတားလိုက်တော့ လှုပ်လီလှုပ်လဲ့ သွားနေတဲ့ ထရက်ကားလေးက သူ့ဆီရောက်တော့ ရပ်လို့သွားတယ်... သီချင်းသံလေးကိုလည်း တိုးလိုက်ပြီး ကားပိုင်ရှင် မုတ်ဆိတ်ဖြူတွေနဲ့အဖိုးကြီးက ကားမှန်ကိုချပြီး
သူ့အား စုံဆန်လို့ကြည့်တယ်...*Can i come with your car for a few mile?*
ဆိုလေတော့ ..အဖိုးကြီးက ခေါင်းညိမ့်ပြီး
အေနာက္က နေဘဲလိုက်ရမယ်တဲ့...
ကျေးဇူးတင်ကြောင်းပြောပြီး အေနာက္က နေရာကိုကြည့်တော့...အနောက်ပိုင်းတစ်ခုလုံးက ကောက်ရိုးတွေနဲ့ပြည့်နေကြောင်းသူတွေ့ရတယ်...ကောက်ရိုးပုံပေါ် ဇိမ်လေးနဲ့အိပ်လိုက်မယ် လို့တွေးပြီး တက်လိုက်ပေမယ့် အပေါ်ရောက်တော့ သူ့စိတ်ကူးကို အကောင်အထည်ကြိုဖော်ပြီးနေပြီ ဖြစ်တဲ့ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်...
ခြေကားယားလက်ကားယားကိုအိပ်နေပြီး သူလာတာကိုတောင် သတိမထားမိပုံပေါ်တဲ့ ထိုသူကြောင့် မနိုးတော့ဘဲ လွတ်နေတဲ့နေရာမှာသာထိုင်ကာ ပတ်ဝန်းကျင်ကိုကြည့်ပြီး လိုက်လာခဲ့လိုက်တယ်...
ကားလေးလည်းစထွက်ပြီး မကြာခင် ရှုခင်းတွေကို ငေးနေတဲ့သူ့မျက်လုံးက အလိုလိုနေရင်း အိပ်နေတဲ့ထိုသူဆီရောက်မိတော့... ထိုအချိန်မှာဘဲ
အိပ်နေတဲ့သူနဲ့အကြည့်ချင်းဆုံသွားတယ်...သူကြည့်တာမြင်တော့ ပြန်အိပ်ချင်ယောင်ဆောင်သွားတဲ့ ထိုကောင်လေးက မလုံမလဲတော့ဖြစ်သွားပုံဘဲ
သူသိလိုက်ပါပြီ ဒါ အိပ်နေတာမဖယ်ပေးချင်လို့
တမင်ဆက်အိပ်ချင်ယောင်ဆောင်နေတာ...
ဘယ်လိုတောင် အကျင့်ပုပ်မှု သေးသေးလေးလဲ