Zawgyi
အသည်းခိုက်အောင် နာကျင်မှုကြောင့် ခဏတာသတိလစ်သွားခဲ့ပေမယ့် ဒီအခြေအနေမှာ သူသတိရှိနေမှဖြစ်မယ်ဆိုတဲ့အသိနဲ့ တဖန်နိုးထလာပြန်တယ်။
နာတယ် နာတယ်
ခေါင်းကနာတယ်
လက်ကနာတယ်
ဗိုက်ကနာတယ်
ခြေထောက်ကနာတယ်သေမလောက်အောင်နာကျင်နေတဲ့ ခြေထောက်ကိုဆွဲမခံလိုက်ရတာကြောင့် အော်ငြီးမိတယ်။
'အား'
ဝေဝေဝါးဝါးမြင်နေရတဲ့ မြင်ကွင်းထဲပေါ်လာတာက.....
'ခင်ဗျား ဖယ် ဖယ် မထိနဲ့'
ခန္တာကိုယ်ပေါ်မှာ အဝတ်အစားတွေမရှိတော့ပါလားဆိုတဲ့အသိနဲ့အတူ ရုန်းကန်မှုကအားပြင်းလာပြန်တယ်။
သူမွေ့ယာပေါ်ပြန်ရောက်နေပြန်ပြီ။'ခင်ဗျားလူယုတ်မာ မထိနဲ့ ဖယ်'
အတင်းကုတ်ခြစ် ထိုးကြိတ် ကန်ကျောက်ရင်း အာခေါင်ခြစ်အော်မိတော့ အားပြင်းလှတဲ့ ရိုက်ချက်တွေက မျက်နှာပေါ်ရောက်လာပြန်တယ်။
'မင်းကသိပ်ခေါင်းမာတယ် ဟုတ်လား'
ဒေါသအရှိန်နဲ့ နီရဲနေတဲ့ Xiao LiJun ရဲ့ မျက်နှာကို စေ့စေ့ကြည့်ရင်း စကားလုံးတို့ကို ထွေးထုတ်မိတယ်။
'ခင်ဗျားက သိပ်သနားဖို့ကောင်းတဲ့လူပဲ ဘာလဲ အလိုတူနေပေးနိုင်မယ့် Omega တစ်ယောက်ကိုတောင်မရှာနိုင်ဘူးလား ကိုယ့်သူငယ်ချင်းရဲ့သားကို ဒီလိုခွေးကြံကြံရတယ်လို့ ဒါကြောင့်ခင်ဗျားရဲ့ သားသမီးတွေလည်း ခင်ဗျားကိုမလေးစားတာ ခင်ဗျား-'
ဆက်ပြောမယ့် စကားလုံးတို့ဟာ ပါးစပ်ဖျားကနေ ထွက်လာနိုင်ခဲ့ခြင်းမရှိခဲ့...
လည်တိုင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာတဲ့လက်နှစ်ဖက်ကြောင့်'မင်းစောက်ပါးစပ်ကိုပိတ်ထား မင်းလိုလူကများငါ့ကိုဝေဖန်ရဲတယ် ဟုတ်လား'
'မင်းအဆင့်နဲ့ငါ့ကိုဒီလိုပြောရအောင် မင်းကိုမင်းဘာထင်နေတာလဲ'
'မင်းက Omega မင်းအလုပ်က လိမ်လိမ်မာမာနဲ့ ကလေးမွေးပေးဖို့'
'ဒါတောင်မလုပ်နိုင်ဘူးဆိုတော့ မင်းကဘာစောက်သုံးကျသေးလဲ ပြောစမ်း'