Unicode

1.1K 103 57
                                    

လရောင်အောက်မှာ ပင်လယ်ရေတွေက တလဲ့လဲ့တောက်ပနေသည်။ ထိုပင်လယ်‌ဘေးကမ်းစပ်မှာတော့ ကောင်လေးတစ်‌ယောက်ကိုနောက်ကနေသိုင်းဖက်ထားတဲ့ကောင်လေးတစ်ယောက်..။

အဖက်ခံရတဲ့ကောင်လေးက သူ့ရင်ဘတ်ပေါ်မှာရှိတဲ့လက်တွေကိုသူ့လက်လေးတွေနဲ့ပြန်လည်အုပ်ကိုင်ထားရင်း ပင်လယ်ဘက်ကိုမျက်နှာမူကာ ရပ်နေသည်။ ကောင်လေးနှစ်ယောက်ရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုကြောင့်တည်ရှိနေတဲ့အပြုံးတွေက လင်းလက်နေတဲ့လရောင်နဲ့အတူ အပြိုင်အဆိုင်တောက်ပနေခဲ့သည်။

"မောင်... ဘာအကြောင်းကြောင့်ဘဲဖြစ်ဖြစ် သဲငယ်ကိုထားမသွားပါနဲ့နော်"

"Aigoo..... မောင့်ရဲ့စကားတတ်လေးကို မောင်က ထားခဲ့ပါ့မလား"

သဲငယ်ဆီက စကားသံတိုးတိုးလေးက ပင်လယ်လေတွေနဲ့အပြိုင် နားစည်ကိုရိုက်ခတ်လာတာမို့ ပါးဖောင်းဖောင်းလေးတစ်ဖက်ပေါ်ကို အနမ်းပန်းတစ်ပွင့်စွန့်ကြဲလိုက်ပြီး ချက်ချင်းပြန်ပြောလိုက်မိသည်။

သဲငယ်ဘာတွေစိုးရိမ်နေတယ်ဆိုတာမောင်သိတယ်။ မစိုးရိမ်ပါနဲ့ကွာ။ ဒီကမောင်က သဲငယ်အတွက် တစ်ခုတည်းသောဖြစ်တည်မှုမို့လို့ သဲငယ်မရှိရင် မောင်ဆိုတာလည်းမရှိနိုင်ဘူး။

"သဲငယ်ကို မောင်ကထားသွားစရာလား...
မောင့်ရဲ့သဲငယ်ဆိုတာတည်ရှိ‌နေသ၍ မောင်ဆိုတာတည်ရှိနေမှာ"

"အွန်း"

ရင်ခွင်ထဲက အကောင်ငယ်လေးကို ပြောမိပြန်တော့ အကောင်ပေါက်လေးက ချက်ချင်းခေါင်းငြိမ့်ပြသည်။

"မောင့်ကိုယုံနော်... သဲငယ်မရှိတဲ့နေရာက
မောင့်အတွက်တော့ငရဲဘဲ... ဘယ်လောက်ဘဲခက်ခဲကြမ်းတမ်းတဲ့နေရာရောက်နေပါစေ
မောင့်သဲငယ်ရှိရင် မောင့်အတွက်ပြည့်စုံတယ်"

"အဲ့လိုစကားလုံးတွေနဲ့ချုပ်နိုင်လို့ဘဲ မောင့်ရဲ့အနောက်ကို ဒီက Park Baekhyun လေးက လိုက်လာတာပေါ့... ခ်ခ်"

"စကားလုံးတွေနဲ့ချုပ်တာမဟုတ်ပါဘူး သဲငယ်ရယ်... မောင်ကအတည်ပြောတာ... လမင်းကြီးကို တိုင်တည်ပြီး မောင်သဲငယ်ကိုပြောမယ်...

𝑆𝑜𝑢𝑛𝑑 𝑜𝑓 𝑡ℎ𝑒 𝑀𝑜𝑜𝑛 //Oɴᴇ sʜᴏᴛ//Where stories live. Discover now