24/

7.4K 600 27
                                    


သံသရာတစ််ပတ်ပြန်လည်လာတဲ့အခါ
အရာရာအသစ်ကပြန်စကြသည်။
အဆုံးသို့သွားရင်း အစကိုပြန်ရောက်လာတတ်သည်။

အချစ်က ကလေးငယ်တစ်ယောက်ရဲ့ငိုကြွေးသံက
စရင်။ အချစ်က စီးကရက်​​ြပာခံခွက်လေးဖြစ်နေခဲ့ရင်။ အချစ်က ဘယ်အရာမဆိုဖြစ်နိုင်ခဲ့သည်။

ကုန်းကျော်တံတားထိပ်မှာရပ််ပြီးစီးကရက်တစ်လိပ်
ကိုအားရပါးရဖွာရှိုက်နေသောချာတိတ်တစ်ဦး။

ပြားပန်းခတ်နေသောကားတွေကမီးရောင်စုံ။
ထိုအရာတွေက အဝေးမှုန်တွေ။

Lice ဆိုသော သူက ခုချိန်သွားဖို့နေရာမရှိသေး။
omma ရဲ့တောင်းဆိုမှုကြောင့် ဒီဇိုင်နာ Jeanနဲ့
တွေ့ဖို့ ဟန်းဂုကိုရောက်လာခဲ့တာပါ။
ဓာတ်ပုံရိုက်တာဝါသနာပါတဲ့သူ့အတွက်လည်း
Jean နဲ့တွေ့ဖို့ကလိုအပ်သည်။

သူတစ်ချက်ရယ်လိုက်မိသည်။
omma မသိသေးသောအရာတွေရှိနေ​သေးသည်။
သူ့ကိုယ်တိုင်ပြန်ဖုံးကွယ်ထားတာ။

စီးကရက်​ငွေ့တွေကတဆင့် ခပ်ဝေးဝေးအတိတ်ဆီသို့။

ဝုန်း ဆိုသောကားအချင်းချင်းတိုက်မိသံအဆုံးမှာ
ပတ်ထားသောခါးပတ်ကိုဆွဲချွတ်ပြီး
ကားတံခါးကိုဆွဲဖွင့်ကာခုန်ဆင်းလိုက်သော
မိန်းကလေးကအသက်ဘေးမှ သီသီလေးလွတ်
မြောက်ခဲ့ရပေမယ့် အကျမတော်တာကြောင့်
ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

လဲကျနေသောသူ့ကိုအမျိုးသားတစ်ဦးက
ပွေ့ချီပြီး ကားထဲထည့်ပြီးခေါ်သွားခဲ့သည်။
သူ မသိခဲ့သောကိစ္စများသည် Khun
ဖန်တီးသောကိစ္စများသာဖြစ်ခဲ့သည်။

သူပြန်သတိပြန်ရလာခ​ျိန်မှာ ရဟက်ယာဥ်ပေါ်
မှာရောက်ရှိနေသည်။ ထိုင်းကိုသွားကြဖို့တဲ့။
မတရားကိုက်ခဲနေသောခေါင်းကို
စမ်းကြည့်မိတော့ သေချာလေးဆေးထည့်
စည်းနှောင်ထားပေးသည်။

သိပ်မကြာ ထိုင်းမြေပေါ်သက်ဆင်းခဲ့သည်။
ပြီးနောက် ဆေးရုံသို့။
နောက်မှ သူသိလိုက်ရတာက သူ့ရဲ့အဖွားက
ကျောက်ကပ်အစားထိုးဖို့လိုအပ်နေခဲ့တာတဲ့လေ။

Mater မရှိတဲ့နေ့ရက်တွေကိုအသားမကျ
ဖြတ်သန်းမိရင်း ခွဲစိတ်မယ့်ရက်ကိုစောင့်နေခဲ့
ရသည်။ သူ လုံးဝထင်မထားခဲ့သောအရာတစ်ခု
ရှိနေခဲ့သေးသည်။

Thanks Mater !Where stories live. Discover now