No Reason (One Shot)

70 4 1
                                    

'မင်းနဲ့အာ့​ကောင်နဲ့က ဘာလဲ'

​ဒေါသ​ကြောင့်မျက်နှာတစ်ပြင်လုံးနီရဲ​နေသည့် သူမ​ရဲ့အမျိုးသား
Companyမှပြန်လာလာချင်း ပြသနာတန်းရှာ​နေ​သော သူမရဲ့အမျိုးသား
သူမကို ချစ်လှပါချည်ရဲ့ဆို​သော သူ့မရဲ့အမျိုးသား က နိုင်ငံခြားက​နေပြန်လာ​သော သူ့ရည်းစားဦး​ဆိုသူကြောင့် သူ့မအ​ပေါ်​ပြောင်းလဲ​နေခဲ့တာ တစ်လ​ကျော်ဆိုတဲ့အချိန်အတိုင်းအတာတစ်ခုရှိ​နေပြီဖြစ်​သည်

ချစ်သူသက်တမ်း​ခြောက်နှစ်​ကျော်မှာ
နှစ်ဖက်မိဘသ​ဘောတူညီမှုနဲ့ လက်ထပ်ထားခဲ့တာ ​ရှေ့လဆို အိမ်​ထောင်သက်ကတစ်နှစ်ပြည့်​တော့မည်ဖြစ်သည်

'သူငယ်ချင်း​တွေဆိုတာသိရဲ့သားနဲ့ ဘာလို့​လေကုန်ခံပြီး​မေး​နေရတာလဲ'

'မင်း​ပြောသမျှကို ယုံ​နေရ​အောင် ငါက အရင်က Kim Jonginမဟုတ်​တော့ဘူး'

'ဟုတ်တာ​ပေါ့ အရင်က Kim Jonginဘယ်ဟုတ်​တော့မလဲ
အခုက ​ဖောက်ပြန်​နေတဲ့ Kim Jonginဖြစ်​နေတာပဲ'

'Kim Chaeyoung မင်း ဘာစကား​ပြောတာလဲ'

'ကြားတဲ့အတိုင်းပဲ'

သည်းခံနိုင်စွမ်း​တွေကုန်ပြီမို့ ​ရှေ့​လျှောက် ကိုကိုနဲ့အဆင်​ပြေဖို့လမ်းစက ​ဝေဝါး​နေသည်
စကားဆက်​ပြောချင်စိတ်မရှိတာမို့ ထိုင်​နေရာက​နေ ထပြီးလှည့်အထွက်
TV​ရှေ့မှာ ခါး​ထောက်မတ်တပ်ရပ်​နေ​သော ကိုကို က ​ခြေလှမ်းကျဲများနဲ့ သူ့စီကို​လျှောက်လာပြီး လက်ကိုလှမ်းစွဲလိုက်တာ​ကြောင့် ဟန်ချက်ပျက်ကာ ခုံ​စောင်းနဲ့တိုက်မိပြီး ​ခါးဆက်က ​အောင့်တက်လာသည်

'လွှတ် ဘာလုပ်တာလဲ
ငယ့် ဗိုက်ထဲက က​လေးတစ်ခုခုဖြစ်လို့က​တော့'

'က​လေး ဘယ်က က​လေးလဲ'

သူမစကားမဆုံးခင် ဖြတ်​ပြောလာ​သော ကိုကို
မျက်နှာမှာမယုံကြည်နိုင်မှု​တွေနှင့်

လက်ထဲမှာ ကျစ်​နေ​အောင်စုပ်ကိုင်ထား​သော ​ဆေးစာရွှက်ကို ကိုကိုမျက်နှာ​ရှေ့သို့ပစ်​ပေါက်လိုက်သည်

'ဒါ ဘာလဲ'

'စာဖတ်တက်တယ်မို့လား ဖတ်ကြည့်လိုက်'

You've reached the end of published parts.

⏰ Last updated: Jul 13, 2020 ⏰

Add this story to your Library to get notified about new parts!

No ReasonWhere stories live. Discover now