'မင်းနဲ့အာ့ကောင်နဲ့က ဘာလဲ'
ဒေါသကြောင့်မျက်နှာတစ်ပြင်လုံးနီရဲနေသည့် သူမရဲ့အမျိုးသား
Companyမှပြန်လာလာချင်း ပြသနာတန်းရှာနေသော သူမရဲ့အမျိုးသား
သူမကို ချစ်လှပါချည်ရဲ့ဆိုသော သူ့မရဲ့အမျိုးသား က နိုင်ငံခြားကနေပြန်လာသော သူ့ရည်းစားဦးဆိုသူကြောင့် သူ့မအပေါ်ပြောင်းလဲနေခဲ့တာ တစ်လကျော်ဆိုတဲ့အချိန်အတိုင်းအတာတစ်ခုရှိနေပြီဖြစ်သည်ချစ်သူသက်တမ်းခြောက်နှစ်ကျော်မှာ
နှစ်ဖက်မိဘသဘောတူညီမှုနဲ့ လက်ထပ်ထားခဲ့တာ ရှေ့လဆို အိမ်ထောင်သက်ကတစ်နှစ်ပြည့်တော့မည်ဖြစ်သည်'သူငယ်ချင်းတွေဆိုတာသိရဲ့သားနဲ့ ဘာလို့လေကုန်ခံပြီးမေးနေရတာလဲ'
'မင်းပြောသမျှကို ယုံနေရအောင် ငါက အရင်က Kim Jonginမဟုတ်တော့ဘူး'
'ဟုတ်တာပေါ့ အရင်က Kim Jonginဘယ်ဟုတ်တော့မလဲ
အခုက ဖောက်ပြန်နေတဲ့ Kim Jonginဖြစ်နေတာပဲ''Kim Chaeyoung မင်း ဘာစကားပြောတာလဲ'
'ကြားတဲ့အတိုင်းပဲ'
သည်းခံနိုင်စွမ်းတွေကုန်ပြီမို့ ရှေ့လျှောက် ကိုကိုနဲ့အဆင်ပြေဖို့လမ်းစက ဝေဝါးနေသည်
စကားဆက်ပြောချင်စိတ်မရှိတာမို့ ထိုင်နေရာကနေ ထပြီးလှည့်အထွက်
TVရှေ့မှာ ခါးထောက်မတ်တပ်ရပ်နေသော ကိုကို က ခြေလှမ်းကျဲများနဲ့ သူ့စီကိုလျှောက်လာပြီး လက်ကိုလှမ်းစွဲလိုက်တာကြောင့် ဟန်ချက်ပျက်ကာ ခုံစောင်းနဲ့တိုက်မိပြီး ခါးဆက်က အောင့်တက်လာသည်'လွှတ် ဘာလုပ်တာလဲ
ငယ့် ဗိုက်ထဲက ကလေးတစ်ခုခုဖြစ်လို့ကတော့''ကလေး ဘယ်က ကလေးလဲ'
သူမစကားမဆုံးခင် ဖြတ်ပြောလာသော ကိုကို
မျက်နှာမှာမယုံကြည်နိုင်မှုတွေနှင့်လက်ထဲမှာ ကျစ်နေအောင်စုပ်ကိုင်ထားသော ဆေးစာရွှက်ကို ကိုကိုမျက်နှာရှေ့သို့ပစ်ပေါက်လိုက်သည်
'ဒါ ဘာလဲ'
'စာဖတ်တက်တယ်မို့လား ဖတ်ကြည့်လိုက်'