ကလင် ကလင်~~~
နေ့လည်စာ စားချိန်မို့ ကျောင်းသားကျောင်းသူအများစုက ကျောင်းကန်တင်းကိုဦးတည်နေကြသည်။"ကောင်းကင် မင်းတို့အရင်သွားနှင့်ကြ
ငါ မိုးထက်ကိုကန်းတင်းအရင်ပို့ပေးလိုက်အုံးမယ်"
သူငယ်ချင်းဖြစ်ချင်ခဲ့သည်။ကောင်းကင်ပြာရဲ့စိတ်ထဲတွင် ပိုးလုံးလေးနဲ့အတူ နေ့လည်စာစားချင်သည်။
"သူက ခြေထောက်မပါလို့ အာကာမင်းချီပို့ရမှာလား?"
"ဟာ မင်းကလဲ သူကကျောင်းသားအသစ်လေ...."
"အေးလေ ကောင်းကင်ရာ"
ဟုငတိုးကပါထောက်ခံလေရာ ကောင်းကင်ပြောစရာစကားမရှိတော့...
"အာ့ဆို ငါလဲဒီနေ့ကန်တင်းမှာပဲ စားမယ်"
"ဟမ် ဟျောင့်သားကြီး မင်းနေကောင်းပါတယ်နော် အာကာ သူဆေးသောက်ခဲ့ရဲ့လား
မေးဦး"
"ငတိုး မင်းမလိုက်ချင်နေကွာ"
"အေး အေးသွားမယ်"
"လာ မိုးထက် သွားမယ်"
"အင်း....."ကန်တင်းတစ်ခုလုံး လူပြည့်နေပေမဲ့ သူတို့ဝိုင်းကိုလာထိုင်တဲ့သူ တစ်ယောက်မှမရှိ။
ပီးတော့ လူတွေအကုန်လုံးကလည်း ကျွန်တော်တို့ကို လှမ်းကြည့်နေသလိုမျိုးပဲ။"ဟို သူတို့က ဘာလို့အက်လောက်ကြည့်နေကြတာလဲဗျ"
"Hkk. ကောင်းကင်ပြာကိုလေ"
"ဟုတယ် ဒီကောင်ဒီနေ့မှ ဘာစိတ်ကူးတွေပေါက်နေလဲမသိ ကန်တင်းမှာ လာစားရတယ်လို့"
"အရင်တုန်းကဆို ကန်တင်းကအစားအသောက်တွေက အရသာမရှိဘူးဆိုပီး အပြင်အမြဲထွက်စားတာ"
"$ပါးစပ်ပိတ်လိုက်တော့ ငတိုး
ဒါတွေအားလုံးက သူ့ကြောင့်
သူ့ကြောင့်မလို့ ငါကန်တင်းမှာလာစားရတာ""ဘာလို့ ငါ့ကြောင့်လဲ ငါနဲ့လာစားလို့ မင်းကိုပြောနေလို့လား"
အရသာမရှိတဲ့ ခေါက်ဆွဲတစ်ပွဲကို
တူနဲ့နယ်ပီး ဒေါသတွေထွက်နေသူက
ကောင်းကင်ပြာရယ်ပါ။
ငတိုးကတော့ ထမင်းပေါင်းစားပီး အာကာကတော့ လက်ဖက်ထမင်းစားနေကြသည်။
သူတို့နှစ်ယောက်ကတော့ အစားအသောက်ဂျီများတဲ့သခင်လေး မဟုတ်တာကြောင့် အဆင်ပြေနေပေမဲ့
ကောင်းကင်ပြာတစ်ယောက်ကတော့ သူ့အရှေ့မှာ သူလိုမျိုးရှမ်းခေါက်ဆွဲကို မှာပီး အားရပါးရစားနေတဲ့ ငပုကောင်ကြောင့်
ဒေါသတွေထိန်းချုပ်မရတော့။
*ငါတောင် စား လို့မရတာ သူလဲမစားစေရဘူး*