Dear TAO

2K 93 3
                                    

Dear Tao......

မင်းကိုယ့်ဘေးမှာ မရှိတော့တာ အခုဆိုရင် 5နှစ်ကျော်ခဲ့ပြီ... အခု ဒီစာဟာ ကိုယ်မင်းအတွက်ရေးတဲ့ ငါးအုပ်မြောက် မှတ်တမ်းလေးရဲ့ နောက်ဆုံးစာမျက်နှာလေးပါပဲ...

ကိုယ်တို့အကြောင်းကို ဒီလိုရေးပြီး မှတ်တမ်းထားတာမျိုး တခြားသူတွေအတွက် ဟာသတစ်ခုလို ဖြစ်ကောင်းဖြစ်နေလိမ့်မယ်... ကိုယ်က စာရေးဆရာတစ်ယောက် မဟုတ်တဲ့အတွက် စကားလုံးတွေ နုရွလှပတာမျိုး ရှိချင်မှရှိမယ်... အကြောင်းရာတွေလည်း အစီစဉ်ကျချင်မှ ကျလိမ့်မယ်... ဒါပေမယ့်...... ဒီမှတ်တမ်းတွေ အားလုံးက ကိုယ့်ရင်နဲ့ ရင်းပြီးရေးထားတဲ့... ကိုယ်တို့နှစ်ယောက်ရဲ့ မေတ္တာမှတ်တမ်း... ကိုယ်တို့နှစ်ယောက်ရဲ့ ရသစုံ ချစ်ဇာတ်လမ်း... ဘယ်သူတွေ ဘယ်လိုပဲ အရေးမထားပါစေ ကိုယ့်အတွက်တော့ လှပတဲ့အမှတ်တရတွေအပြည့်နဲ့ မင်းရဲ့အငွေ့သက်တွေ ပြည့်နေတဲ့ သံယောဇဉ်ရှင်းတမ်း......

ပြီးတော့............

မင်းကိုယ့်ဘေးမှာ မရှိတော့တဲ့အခိုက် မင်းဆီဦးတည် ရင်ဖွင့်တဲ့ ခံစားချက်မှတ်တမ်း......

တစ်ခါက ကိုယ်ပြောဖူးတဲ့ အဲ့ဒီသူကို မှတ်မိလား Tao...

hah' ကိုယ်ဘာတွေပြောနေမိပါလိမ့်...

သေချာပါတယ်... မင်းသူ့ကို သိမှာပါ... လွန်ခဲ့တဲ့ တစ်နှစ် ကိုယ်သူနဲ့ စတွေ့ခဲ့ချိန်တည်းက သူ့ကောင်းကြောင်းတွေ ကိုယ်မင်းကို ပြောပြဖြစ်ခဲ့တယ်နော်... ဟုတ်တယ်မလား... ပြောပြခဲ့ဖူးတဲ့တစ်လျောက်မှာလည်း သူနဲ့ကိုယ့်ကြားက ဆက်ဆံရေး အနိမ့်အမြင့်တွေကို မင်းအားလုံး သတိပြုမိမယ် ထင်ပါရဲ့... ဒါပေမယ့်...

Tao'a.........

သူမင်းနေရာကို အစားထိုးမယူနိုင်ပါဘူး... arni... ဘယ်သူမှ မင်းနေရာကို အစားထိုးမဝင်နိုင်တာပါ... ဒါပေမယ့်... ကိုယ်တစ်ခုတော့ ဝန်ခံရလိမ့်မယ်... မင်းမရှိတဲ့နောက်ပိုင်း ပျောက်ဆုံးပျက်သုဉ်းခဲ့တဲ့ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းတွေ သူနဲ့မှ ပြန်လည်မွေးဖွားလာတယ်လို့ ကိုယ်ဝန်ခံရလိမ့်မယ် Tao... သူငယ်ချင်းတွေပြောကြတာ ကိုယ်သူနဲ့တွေ့ပြီးမှ ကိုယ့်မျက်နှာမှာ အပြုံးတွေ ပြန်တွေ့လာရတယ်... ကိုယ့်ဘေးမှာ မင်းမရှိတော့တဲ့ လေးနှစ်နောက်ပိုင်းပေါ့......

You've reached the end of published parts.

⏰ Last updated: Oct 01, 2019 ⏰

Add this story to your Library to get notified about new parts!

Dear TAO (TaoRis)Where stories live. Discover now