9 (Zhan's Birthday)

8.4K 1.1K 26
                                    

ကျောပိုးအိတ်ကို ဖွင့်လိုက်ပြီး အိတ်ထဲက အနီရောင်ဗူးလေးကို ထုတ်ကာ ဖွင့်ကြည့်လိုက်သည်။ Lucky charm အနီရောင်လက်ပတ်ကြိုးလေး။

လက်ပတ်ကြိုးက ဆက်ထားသည့်နေရာမှာ ရွှေပိုက်လေးစွပ်ထားပြီး အသည်းပုံ ရွှေဆွဲပြားသေးသေးလေးကို ချိတ်ဆွဲထားသည်။ ထိုအသဲပုံဆွဲပြားလေးပေါ်မှာတော့ YZ ဆိုတဲ့ စာလုံးသေးသေးနှစ်ခုကို ထွင်းထားသည်။ ထိုလက်ပတ်ကြိုးလေးရဲ့အောက်မှာတော့ "Happy Birthday ကိုကို ချစ်တယ်" ဆိုတဲ့ ရိပေါ်လက်ရေးနဲ့ ကဒ်​လေး။

ကိုကိုမြင်ရင် သဘောကျမှာပါ။

ကိုကိုက သူ့သူငယ်ချင်းတွေကို မွေးနေ့အတွက် ဆိုင်ခေါ်ကျွေးဖို့ဟာကို ရိပေါ်ကို ခေါ်တယ်။ ဒါပေမယ့် မလိုက်ဖြစ်ဘူး။ မလိုက်ဖြစ်တာထက် မလိုက်ချင်တာပါ။ ကိုကို့သူငယ်ချင်းတွေရဲ့ ရိပေါ်ကို ကြည့်တဲ့အကြည့်ကို သိပ်သဘောမကျတာကြောင့်လည်း ပါတယ်။

တခါ ကိုကိုကိုယ်တိုင်က ရိပေါ်ကို သူ့ကျောင်းကို ခေါ်သွားပြီး သူ့သူငယ်ချင်းတွေနဲ့ အိမ်နီးချင်း ညီလေးတစ်ယောက်အဖြစ် မိတ်ဆက်ပေးဖူးတယ်။ ညီလေးတစ်ယောက်အနေနဲ့ဆိုပေမယ့် သူ့သူငယ်ချင်းတွေကတော့ ရိပ်မိမှာပေါ့။ ရိပေါ်ရှေ့မှာတော့ ဘာမှမပြောပေမယ့် သူတို့ပုံစံတွေက ရိပေါ်ကို ကိုကို့အနားမှာ ရှိနေဖို့မသင့်တဲ့ပုံမျိုးကြည့်တာတွေကို ရိပေါ်သတိထားမိတယ်။

ငယ်သေးတာလည်း ပါသလို ဂျစ်ကန်ကန် အဆိုးလေးပုံစံက သဘောကောင်းတဲ့ စာဂျပိုးလေး ရှောင်းကျန့်နဲ့ အိုးကမပူ စလောင်းကဝင်ပူပြီး မတူသလို မတန်သလိုပုံစံလုပ်ကြတာတွေ ရိပေါ်မကြိုက်ဘူး။ သူတို့ဖြစ်စေချင်နေ‌တဲ့ အမျိုးသမီးနဲ့ ရိပေါ်ရှေ့မှာပဲ ပေါ်ပေါ်တင်တင် အောင်သွယ်တာတွေ မြင်ရတဲ့အခါ ရိပေါ်က ခပ်တည်တည်ပဲ ပြုံးပြလိုက်တယ်။ တော်သေးတာက ကိုကိုက သူတို့ရှေ့မှာကိုပဲ ရိပေါ်ကို တအားတွေ ဂရုစိုက်ပြတာ။ ချစ်ရပါတယ် ဒီလူကြီးကို။

ကိုကိုနဲ့ တရားဝင် (ချစ်တယ်ဆိုတဲ့စကားမကြားရသေးတာကလွဲလို့ တရားဝင်ပဲ) ရည်းစားဖြစ်ပါပြီဆိုကတည်းက ရိပေါ် သူ့ရဲ့ အကျင့်တော်တော်များများကို ပြောင်းပစ်ခဲ့ရတယ်။ အထူးသဖြင့် သူဟာ အားကိုးလောက်တဲ့ယောက်ျားတစ်ယောက်ဆိုတာကို သိစေချင်တယ်။ စောစောစီးစီးရင့်ကျက်တဲ့ လူတစ်ယောက်အဖြစ် မြင်စေချင်တယ်။ ကိုကိုရှေ့မှာ ကလေးတစ်ယောက်ပုံ ဖြစ်နေမှာ၊ ကိုကိုက သူ့ကို ကလေးလို့ ထင်နေမှာကို မလိုလားတာကြောင့်လည်းပါတယ်။

Love Story ||Completed||Where stories live. Discover now