Zawgyi......
Bee တယောက် လေဆိပ်ကိုရောက်နေလေသည်။ မိမိချစ်ရသူက နိုင်ငံခြားမှ ပါရဂူဘွဲ့ယူပြီး ပြန်လာတာဖြစ်တာကြောင့် ကြည်နူးရသည်။ သုံးနှစ်တောင် စောင့်စားပြီးမှ ပြန်လည်တွေ့ရမည်မို့ စိတ်လှုပ်ရှားမိတာတော့အမှန်ပင်.....
တူ....တူ....တူ....
" Hello မမ"
" မောင်လေး မမကိုကြည့်ပါဦး အဆင်ပြေရဲ့လား မိတ်ကပ်တွေပျက်နေပြီလား ဒါမှမဟုတ် အရမ်းများနေလား အဝတ်အစားရော အရမ်းရိုးနေလား"
" ကျွန်တော့မမက လှပြီးသားပါဗျာ အဲ့လောက်ပြင်စရာမလိုပါဘူး သူနဲ့တွေ့ရမှာ အရမ်းပျော်နေတာလား အဲ့လူကအရမ်းကံကောင်းတာပဲနော် ကျွန်တော့ မမရဲ့ ချစ်တာကိုခံရတာ"
" မမသူ့ကိုအရမ်းလွမ်းနေခဲ့တာမောင်လေး အခုလိုတွေ့ရမှာဆိုတော့ ပျော်တာပေါ့ ဒီခံစားချက်တွေကို မောင်လေးချစ်ရတဲ့သူရှိလာတဲ့တနေ့ ကောင်းကောင်းကြီးသိလာလိမ့်မယ်"
" ဟုတ်ပါပြီဗျာ ကျွန်တော်လည်း ကျောင်းသွားရဦးမှာမို့ ဖုန်းချလိုက်တော့မယ် ပျော်ရွှင်ပါစေမမ"
" စာကြိုးစားနော် မောင်လေး"
Video Call ချလိုက်ပြီး အတွေးတွေက တောင်စဉ်ရေမရ။ မောင်နှမ အရင်းအချာဖြစ်သော်လည်း တယောက်တနေရာစီ မမက အမေ့ဘက်က ဒေါ်လေးဆီမှာနေရပြီး ကျွန်တော် ကတော့ အဘွားရှိတဲ့ LA မှာ ပညာသင်ဆဲပင်။ နောက်နှစ်ဆိုကျောင်းပြီးပါပြီ။ အဲ့တော့မှ မမနဲ့အတူပြန်နေရမည်။ ဖေဖေနဲ့မေမေလည်း ကောင်းကင်ပေါ်ကနေ ကျေနပ်နေကြမှာပါ ကျွန်တော်မမကို စောင့်ရှောက်သွားမည်။
လေယာဉ်ပေါ်ကဆင်းဆို ကိုယ့်မွေးရပ်မြေက လေကိုတဝရှူပြီး ချစ်ရသူလေးထံ အပြေးလာခဲ့သည်။ အဖြူရောင်ဂါဝန်လေးနဲ့ လှနေသောသူမ ။ တနည်းကျွန်တော့ရဲ့ လမ်းပြကြယ်လေး .......
YOU ARE READING
Last Wish (One Shot)
Fanfiction(Mew) အချစ်ဆိုတာ သေဆုံးသွားခဲ့တဲ့ ငါ့အတွက် မင်းကတော့တစ်ဦးတည်းသောငါ့အနားမှာရှိနေပေးရမယ့်သူ..... (Gulf) တာဝန်အရဆိုရင် ခင်ဗျားရဲ့ဂရုစိုက်မှုသေးသေးလေး တောင်မလိုချင်ဘူး အထူးသဖြင့် ကတိစကားတစ်ခွန်းကြောင့်ပေါ့......... (Bee) Bee...