Lingering to you

598 50 19
                                    

အဲဒီအချိန်ပဲ....သူ့ကိုစတွေ့တဲ့အချိန်....

ကျွန်တော် နယ်သာလန်ရဲ့ Sabaဆိုတဲ့ ကျွန်းလေးတစ်ကျွန်းရဲ့ ကမ်းခြေစပ်တစ်ခုကိုရောက်နေတယ်။ အဲဒီကျွန်းလေးက ဒေသန္တရအုပ်ချုပ်ရေးရထားပြီး Caribbean ပင်လယ်ရဲ့ အရှေ့မြောက်ဘက်မှာရှိတယ်။ တော်တော်များများက Sabaမှာ ကမ်းခြေမရှိဘူးလို့ သိထားကြပေမယ့် Well's bay၊ Cove bayစတဲ့ နာမည်ကြီး ကမ်းခြေတွေရှိပါတယ်။ ကျွန်တော် အခုရောက်နေတာ Cove bayမှာ။

Isonmiaဆိုတဲ့ အိပ်မပျော်တဲ့ ရောဂါတစ်မျိုးကျွန်တော့်မှာရှိနေတယ်ဆိုတာ သိတာကြာပါပြီ။ မသိလိုက်မသိဘာသာ နေထိုင်ဖို့ ကြိုးစားပေမယ့် နောက်ဆုံး ခုခံဖို့ မဖြစ်နိုင်တော့တဲ့အချိန်ကို ရောက်လာတယ်။ ရန်ကုန်လေထုကလည်း ကျွန်တော့်အတွက် ပိုမွန်းကြပ်လာသလိုပဲ။
ကုစားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက်ဆိုပြီး အိမ်ကနေ အထုပ်ဆွဲပြီးထွက်လာခဲ့တာ။ နောက်ဆုံးမှာ ကျွန်တော် နယ်သာလန်ကိုရောက်နေခဲ့ပြီ။

Juancho E Yrausquin လေဆိပ်ကနေထွက်လိုက်ကတည်းက ဒီနေရာက ကျွန်တော့်ကို ကြိုဆိုနေတဲ့ နေရာဆိုတာ ခံစားရတာ။ ဒါဟုတ်ချင်မှလည်းဟုတ်မယ်။ အကြာကြီးနေမှ တစ်ယောက်တည်းထွက်လာတဲ့ခရီးမို့ ကျွန်တော့်ဘာသာခံစားရတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ကိုသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိဘူး။ ငါဒီနေရာမှာ ဘာတွေလုပ်မယ်ဆိုတဲ့ အစီအစဥ်လည်းမရှိဘူး။ ဒီတိုင်း ရောက်တတ်ရာရာ လမ်းလျှောက်လာပြီး ခဏအကြာမှာမှ ကျွန်တော်ရောက်နေတဲ့ ဒီနေရာက နာမည်ကြီး Cove bay ကမ်းခြေဆိုတာ ကျွန်တော်သတိထားမိတယ်။

ပင်လယ်ရေတွေက သန့်ရှင်းပြာလွင်နေတယ်။ ပင်လယ်ပြင်နဲ့သဲမြေနုတွေကိုဖြတ်တိုက်လာတဲ့လေက လတ်ဆတ်နေတယ်။ ရန်ကုန်လို ကားဓာတ်ငွေ့တွေ၊ စားသောက်ဆိုင်နံ့တွေ၊ လူစုလူဝေးတွေရဲ့ချွေးနံ့တွေ၊ ရေမွေးနံ့တွေနဲ့ ဘာမှကိုမဆိုင်တဲ့လေမျိုး။ သဘာဝရဲ့လေ။

ဟိုးမိုးကုတ်စက်ဝိုင်းအဆုံးမှာ ကောင်းကင်နဲ့ပင်လယ်ထိစပ်နေတဲ့ အပြာရောင်လိုင်းကြောင်းလေးက ပျောက်လုနီးပါးဖြစ်နေတယ်။ နေ့လည်ခင်းနေရောင်က အသားတွေကို စူးပေါက်နေအောင်ထိုးနေတာတောင် ကျွန်တော် ဒီနေရာက ပြန်လှည့်မသွားချင်ဘူး။ ဒါနဲ့ပဲ ဆက်ရပ်နေခဲ့တာ။

Lingering to you ( One Shot)Where stories live. Discover now