[Zawgyi]
'ကျွီ... ကျွီ... ''ပကျု.. ပုကျု... '
မနက်ခင်းအခန်းပြတင်းပေါက်မှမြင်နေရသောသစ်ပင်ပေါ်တွင်တေးဆိုနေသောငှက်ကလေးများရဲ့ အသံ
'အင်းမ်. .....'.jkတစ်ယောက်ထုံးစံအတိုင်းကျောင်းသွားရန်ပြင်ဆင်ကာ သမိုင်းပေးတာဝန်အရ jimin ဆီသို့အရင်သွားခေါ်ပါတော့သည်
Taehyung နဲ့Jin ကတော့နောက်မှလိုက်လာမည်ပေါ့
Jimin အိမ်ရှေ့လေးမှမတ်တတ်ရပ်စောင့်ရင်းtaehyung နဲ့Jin ကတော့သူ့အရှေ့အရောက်
'မင်းတို့တောင်ရောက်လာပြီ... Jimin ကဒီနေ့ဘာလို့ကြာနေလဲမသိ taehyung နင်ဝင်သွားပြီးသွားခေါ်လိုက်'
'အေး.. အေး'
'မင်းကလည်းကွာ.... တခုခုအသုံးချချင်ပြီဆိုtaeကိုပဲ မင်းအစောကတည်းကရောက်နေတာမင်းဝင်ခေါ်ပါလား'
Jinမနေနိုင်လို့ဝင်ပြောသည်
Jinသတိထားမိတာကtaehyung ကjungkook အပေါ်ဆိုဘယ်တော့မှမငြိုငြင် ဒါကိုjungkook ကသိသိရက်နဲ့တခါတလေ အသုံးချနေတဲ့ပုံစံတေလို ဆက်ဆံရင် သူငယ်ချင်းတစ်ယောက်အနေနဲ့မနေနိုင်ပါ'မင်းကလည်းသူတို့မိန်းကလေးအချင်းချင်းလေကွာ '
'ဘာတွေပြောနေကြတာတုံး ငါတို့မရှိတုန်း'jimin ထွက်လာကာ taehyungကတော့မျက်နှာမကောင်း
'နင်ကလည်းကြာတယ်ဟာ '
'လာသွားမယ် 'Jinတစ်ယောက်jungkook ကိုစိတ်ဆိုးကာjimin ကိုလည်းမကြည်ချင်တော့ taehyung ကိုဆွဲခေါ်ကာရှေ့ကထွက်သွားသည်
Jimin's point of view
Jin... နင်ဘာတွေဖြစ်နေတာလဲဟာ ငါ့ကိုဆိုရောက်ကတည်းကကြည်ကြည်သာသာမရှိဘူး ငါ့အပေါ်စိတ်မ၀င်စားတော့တာလား အရင်တုန်းကJinဘယ်ရောက်သွားပြီလဲဟင်မျက်နှာသိသိသာသာပျက်နေတဲ့jimin ကိုjungkook လက်ကိုဆွဲကိုင်ကာ
'ကဲသွားမယ် ဘာတွေအဲ့လောက်တွေးနေတာလဲ'
'ဘာမှမဟုတ်ပါဘူး.. ဒီတိုင်း'
'ဒီတိုင်းတေဟိုတိုင်းတေလုပ်မနေနဲ့ ငါနင့်ကိုချစ်တယ်'
'ဟင်ဘာမှလဲမဆိုင်ဘူး'
'ဆိုင်ဆိုင်မဆိုင်ဆိုင်ချစ်တယ်'
သူသိသည်jungkook ကောJinကောငယ်ငယ်ကတည်းကသူ့ကိုကြိုက်တယ်ဆိုတာ
အခုလိုပြောမယ်ဆိုတာလည်းခန့်မှန်းမိသည်