နှစ်ဖက်မိဘတွေရဲ့ သဘောမတူမှုကြောင့် သူမတို့ နှစ်ယောက် ခိုးပြေးဖို့ စီစဉ်ခဲ့ကြသည်
💌 Baby ကိုယ် ည 12 လာခဲ့မှာနော် အဆင်သင့်လုပ်ထား 💌
💌 ဟုတ်ကဲ့ပါ ကိုယ် 💌
Jennie ပို့လိုက်တဲ့ msg ကိုဖတ်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်သည်
At 12 AM
💌 Baby ကိုယ် အိမ်ရှေ့ရောက်ပြီ 💌
💌 အင်း Jen လာပြီနော် 💌
💌 ok သတိထားပြီး လာခဲ့နော် ဖြည်းဖြည်းလာခဲ့အုံး 💌
ခဏအကြာတော့ Jennie Lisa ဆီရောက်လာသည်
' ကိုယ် ကားကော '
' ယူလာလို့ မရဘူးလေ Baby ရဲ့ အိမ်က အသံတွေ ကြားရင် သိကုန်မှာပေါ့ '
' အင်း အဲ့ဒါလဲ ဟုတ်တယ်နော် '
' ဒီလိုပဲ သွားကြမယ်လေ မြန်မြန် ကိုယ့်ကို baby ရဲ့ luggage ပေး '
' Ah.....ကိုယ်ခဏ '
' ဘာလို့လဲ Baby '
' Jen ရဲ့ အရုပ်လေး ကျန်ခဲ့လို့ '
' မဖြစ်ဘူးလေ Baby ရဲ့ '
' ကိုယ်ကလည်း ပြန်ယူလိုက်မယ်နော် '
အိမ်ထဲပြန်ဝင်ဖို့ လုပ်နေတဲ့ Jen ကို လှမ်းဆွဲလိုက်ပြီး
' လမ်းမှာ ကိုယ်ဝယ်ပေးပါ့မယ်နော် ပြန်သွားလို့တော့ မဖြစ်ဘူးနော် Baby '
' ကိုယ် တကယ် ဝယ်ပေးမှာလား '
' အင်းပေါ့ baby ရဲ့ ဒီလမ်းထဲကနေ အမြန်သွားရမယ် မဟုတ်ရင် ကိုယ်တို့ကို မိသွားအုံးမယ် '
Lisa တို့လည်း jen ရဲ့ အိမ်ရှေ့ကနေ အမြန်ထွက်လာခဲ့သည်
' ကိုယ် jen တို့ ခု ဘယ်သွားကြမလဲ '
' ဆိုးလ်မှာ နေလို့တော့ မဖြစ်ဘူး ရွာလေးတစ်ရွာနားသွားကြမယ်လေ '
' ကိုယ်က သိလို့လား '
' အင်း အရင်နှစ် ကိုယ်အလှူသွားလုပ်တဲ့ ရွာလေးရှိတယ် အဲ့နား သွားကြတာပေါ့ '
' အဆင်ပြေပါ့မလား ကိုယ် '
' သွားကြည့်ကြတောပေါ့ အရင်ဆုံး ရထားစီးရမယ် '