5

1.2K 197 5
                                    

ကစားကွင်းက ပြန်လာပြီး ကားပေါ်မှာကတည်းက စကားမပြော။

အိမ်ပြန်ရောက်တော့လည်း ဘာမှမပြောဘဲ ရေချိုးခန်းထဲ တန်းဝင်သွားတယ်။

💭ကလေးက.. စိတ်ဆိုးသွားတာများလား

'ကလေး.. ရေကိုအကြာကြီး မချိုးနဲ့နော်.´

'ကလေးကိုအအေးပတ်မှာစိုးလို့ စိတ်ပူလို့
ကြားလားကလေး´

ပြန်များထူးလာမလားဆိုပြီး တံခါးနားကပ်နားထောင်တော့လည်း
ရေကျသံက လွဲလို့ ဘာသံမှမထွက်လာ..

💭ဒါမှမဟုတ်..ကလေးကရှက်နေတာများလား ဟီး..

ချက်!(တံခါးဖွင့်သံ)

'ကလေးကလည်းကွာ အကြာကြီးမချိုးပါနဲ့ဆို
စောင့်နေတာအကြာကြီးပဲ´

'ဟော..ခေါင်းလျှော်ခဲ့တာလား လာကိုကိုသုတ်ပေးမယ်..ဒီမှာထိုင်´

'နောက်ဆို ကလေးခေါင်းလျှော်ပြီးတိုင်း ကိုကိုသုတ်ပေးမယ်နော်´

'ဟို..ဟိုလေ dryerရှိတယ်လေ ကိုကို သုတ်ပေးစရာမလိုပါဘူး..´

'dryerမသုံးရပါဘူး..ကလေးဆံပင်ပျော့ပျော့လေးတေ ပျက်ဆီးသွားမှာကို ကိုကိုက စိုးရိမ်တယ် ကိုကိုပဲ သုတ်ပေးမယ် ဟုတ်ပြီလား´

'ဟုတ်´

'ဟား..စတော်ဘယ်ရီshampoo နံ့လေးကွာ´

ဆံပင်ပျော့ပျော့အုပ်အုပ်လေးကို အမြတ်တနိုးငုံ့နမ်းနေတဲ့ကိုကိုရုတ်တရက် လည်စပ်နားလေးကို နမ်းလာတာကြောင့်
ကိုယ်လေး တွန့်သွားရသည်။

'ကို..ကို Taeယားတယ်´

'sorry..နော်ကလေး ကိုယ်အသည်းယားလာလို့နမ်းမိလိုက်တာပါ
ကလေးမကြိုက်ရင် မလုပ်တော့ဘူးနော်´

'ဟုတ်..´

'ကလေးက ဟုတ်တစ်လုံးထဲပြောတတ်တာလားကွာ´

'ဟုတ်´

'ကလေးက ကိုကို့ကို ချစ်တယ်မို့လား ဟင်´

'ဟုတ်..အဲ ဟုတ်ဘူး ´

'ကလေးပဲ ခုနက ဟုတ်ဆို..´

'အဲ့တာယောင်ပြီးပြောမိတာပါ´

'အော်..ဒါဆို ကလေးက ကိုယ့်ကို အပျော်ကြံတာပေါ့ ရပါတယ် ကိုယ်က ကလေးရဲ့ အသုံးချခံပါ´

"My Sweet heart"Where stories live. Discover now