''5''

17.6K 1.8K 22
                                    

ဒီငါးနှစ်အတွင်းရီပေါ်ရဲ့ဘဝကြီးက..ရှင်လျက်နဲ့သေနေသလိုမျိုးဖြစ်နေခဲ့တယ်။..သိပ်ချစ်ပြီးမြတ်နိုးတန်ဖိုးထားရတဲ့လူရဲ့.စွန့်ပစ်ခြင်းကိုခံလိုက်ရတာမို့..နှစ်ကြိမ်တိုင်တိုင်သေကြောင်းကြံစည်ခဲ့ဘူးတယ်။

ပထမတစ်ကြိမ်ကတော့.အိပ်ဆေးတွေအလွန်အကျွံသောက်ကာသတ်သေခဲ့ပေမဲ့..ဆေးရုံပေါ်မှာပဲပြန်သတိရလာခဲ့တယ်။.နိုင်ငံခြားထွက်သွားပြီးနောက်..နာကျင်စရာအတိတ်တွေကိုမေ့ပစ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း..အမှတ်တရတွေကခေါင်းထဲအမြဲပေါ်လာမြဲ။.ဒုတိယအကြိမ်အဖြစ်.ကားကိုအရှိန်ပြင်းပြင်းသစ်ပင်နဲ့ဝင်ကျုံးခဲ့တယ်။.ဒါမဲ့လည်း.သူကတော်တော်အသက်ပြင်းတယ်ပဲပြောရမလား။..အဲ့တစ်ခါလည်းဆေးရုံကိုအချိန်မှီရောက်ခဲ့တာကြောင့်..ကြီးကြီးမားမားထိခိုက်သွားတာမျိုးမရှိချေ။..

မိခင်ဖြစ်သူက.သူကိုယ်သူဒုတိယအကြိမ်အဖြစ်နာကျင်အောင်လုပ်တဲ့အကြောင်း..သိသွားတဲ့အချိန်မှာတော့နေရာမှာတင်သတိလစ်ခဲ့တယ်။..နောက်ပိုင်းကစပြီးသူ့အဖေရောအမေရောက...သူ့ကိုစောင့်ကြည့်ဖို့အတွက်သက်တော်စောင့်တွေ..အများကြီးဘေးမှာထားခဲ့သည်။

ကလပ်တက်၊.ဘားသွားပြီး.ရင်ထဲကနာကျင်မှု့ကိုပျောက်အောင်လို့..အချောအလှလေးတွေတော်တော်များများနဲ့.ကြိုးစားကြည့်ခဲ့ဖူးပေမဲ့လည်း.ချစ်ရတဲ့သူရဲ့မျက်နှာလေးကို..ပြန်မြင်ယောင်မိတော့မအောင်မြင်ခဲ့။.နှလုံးသားကသစ္စာရှိစွာနဲ့ပဲ.သူ့ကိုမကြာခဏသတိပေးနေတယ်။.ရီပေါ်..သူ့ရဲ့နှလုံးသားကိုခွဲထုတ်ပြီးလွှင့်ပစ်ချင်တဲ့အထိ..နာနာကျင်ကျင်နဲ့.နေ့ရက်တွေကိုဖြတ်သန်းခဲ့ရတယ်။.နောက်ဆုံးတော့..ဆေးစသုံးဖို့သူကြံခဲ့တယ်။.ဒီနည်းလမ်းကမဆိုးဘူးလို့.ပြောလို့ရသည်.။.

ဆေးရှိန်တက်နေတဲ့အချိန်တွေမှာဆို..နာကျင်စရာအတိတ်တွေက.ခေါင်းထဲလုံးဝပေါ်မလာခဲ့တော့ပေ။.အဲ့အစားတိမ်တွေပေါ်လွှင့်မျောနေတဲ့..ခံစားချက်တစ်ခုသာရှိတယ်။.ဆေးစွဲသွားတဲ့အချိန်မှာတော့..သူ့မိဘနစ်ပါးကသတိထားမိသွားပြီး..သူ့ကိုဆေးဖြတ်ပေးဖို့အတင်းအကြပ်ကြိုးစားလာကြတယ်။..ဒါမဲ့လည်းကာယကံရှင်ဖြစ်တဲ့သူက..နည်းနည်းလေးမှ..သဘောမတူတာမို့မအောင်မြင်ခဲ့ချေ။..

Désolé { I'm Sorry } [ Completed ] Where stories live. Discover now