Chapter1

41 7 4
                                    

27.11 .2017

လှပ​သောည​နေဆည်းဆာ...
မိုးရွာပြီးကာလစိုစွတ်​နေ​သော​မြေသင်းနံ....
​ကျေးငှက်များည​နေအိမ်​ပြန်အော်မြည်သံ....
​ဆောင်းဦးဝင်​ဆောင်း​လေ​အေး...
လူသူရှင်းလင်း​နေ​သောအဓပတိလမ်းမကြီး...
ကြီးမား​သောသစ်ပုတ်ပင်​အောက်...ရပ်​​​နေသော..
ကျွန်​တော်နဲ့ခန့်...မျက်နှာချင်းဆိုင်လျက်..
ခန့်ကမ​တွေ.ဖြစ်တဲ့နှစ်လ​လောက်မှာ​တော်​တော်​ချောလာတယ်..အရပ်လဲ၅​ပေ၆က​နေ၅​​ပေ၁၁ဖြစ်လာတယ်ထင်တယ်..ကျွန်​တော်က​တော့သူ့ရင်ခွင်လောက်အရပ်ထပ်လည်းမရှည်လာဘူး....ခန်.ပုံစံကသာမန်ထက်ပိုထူးခြား​နေတယ်သူ.လောက်ရွတဲ့သူကထူးထူးခြားခြား
တည်ငြိမ်​နေတယ် final year ..Second semester..​​ဖြေပြီးကတည်းကမ​တွေ့ဖြစ်တာအခုဆိုနှစ်လ​တောင်ရှိပီ...ည​နေအလုပ်အားတုန်းဖုန်းကြည့်​တော့..Message ဝင်လာတယ်..အခုချက်ချင်းကျောင်းမှာ​တွေ့ရ​အောင်တဲ့..​ခုကြ​တော့ဘာမှလဲ​မ​ပြောဘဲ..ကျွန်​တော်ကိုကြည့်နေတယ်...
လူသူရှင်း​နေပြီးကျွန်​တော့်တို့နှစ်​ယောက်ထဲ...

''ခန့်မင်းဘာ​ပြောမလို့လဲမင်းငါကို​ခေါ်ပြီးဘာ​ပြောမလို့လဲ...​​ပြောစရာမရှိရင်ငါပြန်​တော့မယ်
​ပြောစရာရှိရင်လဲမြန်မြန်​ပြော''

''ဟို.....ငါ​ပြောချင်တာက..

အူ​ကြောင်​ကြောင်​လေး​​​ခေါင်း​လေးကိုမသိမသာ​ငုံပြီးပြော​​နေ​သောပုံမှာကျွန်​တော်မြတ်နိုးရပါ​သောသူ၏ပုံစံတွေထဲမှတစ်ပုံစံ..

''​ပြော​လေ..ဘာ​ပြောမလို့လဲ.."

ငုံ​နေသာ​ခေါင်း​လေးက​ထောင်ပြီး..

''ရှင်းသန့်...ငါ..ငါ...မင်းကိုချစ်တယ်...''

ထို​သို့​​ကျွန်​တော်ကိုချစ်​သော​ပြော​သောသူသည်
ကျွန်​​တော်လွန်ခဲ့​သော၆နှစ်လုံးလုံးတစ်ဖတ်သတ်ချစ်ရသူ...
ကျွန်​တော့်၏​ဘေးပတ်ဝန်းကျင်တစ်ခုလုံးရပ်တန့်
သွားသလိုခံစားရ​ပေမဲ့. ...ကျွန်​တော့်...ကျွန်​​တော့်..
နှလုံးသား...ဘာလို့...အရမ်းမြန်​နေရတာလဲ..
နှလုံးသားက..လက်ခံချင်ပေမဲ့...ဦး​နှောက်က...ငြင်းရမယ်လို့​ပြော​နေတယ်..

''ခန့်မင်းဘာဖြစ်​နေတာလဲ​​!!!နောက်​​နေတာလားဒါမှမဟုတ်ရူးနေတာလား...''

​နောက်ဘဝWhere stories live. Discover now