Unicode

133 9 32
                                    

Candy ဆိုတာ သကြားလုံးလေး.. အချိုခဲလေးလို့ လူတွေသိထားကြတယ်။ Candy လို့ပြောလိုက်တာနဲ့ ချိုမြိန်မှုလေးတွေကိုပါ တွဲပြီးမြင်ကြလိမ့်မယ်။ ကျွန်တော်တို့ အခါးတွေ အစပ်တွေနဲ့ ရုတ်တရပ်ထိတွေ့ရတဲ့အခါ Candy ကိုသုံးဆောင်လိုက်ရင် ချိုမြိန်ခြင်းတွေ ပျော်ကြလာတယ်မဟုတ်လား ?

ဒီလိုပဲ လူ‌တိုင်းဟာလည်း ဘဝမှာခါးသီးမှုတွေကို ကြုံဆုံရလိမ့်မယ်။ အဆုံးသတ်မှာတော့ ကိုယ့်ကိုနားလည်ပေးမယ်သူ.. ကိုယ့်ခံစားချက်ကို ‌နားထောင်မယ့်သူဆိုတာ ပေါ်လာလိမ့်မယ်။ ဒီလူတွေကို ကျွန်တော့်တို့ရဲ့ Candy လို့ခေါ်ကြရအောင်။ ခင်ဗျားတို့ ဘဝရဲ့လမ်းကြောင်းပေါ်မှာလည်း Candy လေးတွေ သေချာပေါက်ရှိနေလိမ့်မယ်။ ခင်ဗျားတို့ကို ချိုမြိန်ခြင်းတွေပေးဖို့ စောင့်နေတာပေါ့ဗျာ..

ကျွန်တော့်ရဲ့ ဘဝတကွေ့မှာလည်း Candy လေးတစ်ခုကိုတွေ့ရှိခဲ့တယ်။ ကျွန်တော်သိလိုက်ပါတယ်။ ဒီသကြားလုံးလေးက ကျွန်တော့်ဘဝထဲက ခါးသပ်မှု‌တွေကိုဖယ်ရှားပေးနိုင်တယ်ဆိုတာ..

သူက ကျွန်တော့်ဘဝထဲဝင်လာတဲ့ Candy လေး..
နာမည်က Yummy တဲ့‌..

🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬🍬

marshmallow .. lollipop အထုတ်တွေနဲ့ candy bottle တွေကြား Yum တစ်ယောက်အလုပ်ရှုပ်နေ၏။ မနက်ဖြန်ပို့ရမယ့် ပါဆယ်တွေကိုထုတ်‌နေခြင်းဖြစ်သည်။ ထိုစဉ်.. ဖုန်းထဲသို့ မားဆီက sms ဝင်လာသည်။

{ ကျန်းမာရေး ဂရုစိုက်နော်.. customer ကိုလည်းကောင်းကောင်းဆက်ဆံ .. မားရဲ့ သားငယ်လေး ♥️ }

အသည်းပုံ emoji ကြောင့် Yum မျက်နှာလေးမဲ့သွားသည်။ သူလိုချင်တာ အသည်းပုံ emoji မဟုတ်။ မုန့်ဖိုးလေ..။ အခန်းထောင့်က သကြားလုံးထုတ်များကတော့ Yum ကိုပြောင်ပြနေသလို..။

သူ့နာမည်က Yummy ..။ 1st year ကျောင်းသားလေးဖြစ်ပြီး ပါးပါးဝယ်ပေးထားတဲ့ တိုက်ခန်းကနေကျောင်းတက်သူ။ တစ်ဦးတည်းသောသားလေးမို့ မိဘတွေရဲ့ အသည်းကျော်လေးဖြစ်သည်။ အခုတော့ ဒီအသည်းကျော်လေးကို ပါးပါးက ရေမီးဖြတ်ထားသည်။ အသုံးအဖြုန်းကြီးနဲ့ Yum ကို ပါးပါးကဆူသည်။ ဆူတာကို လက်မခံတဲ့အပြင် Yum က ပုန်ကန်မိတာကြောင့် online shopလုပ်ပြီး ကိုယ့်စားရိတ် ကိုယ်ရှာရတဲ့ဘဝသို့ရောက်သွားသည်။ ပုံပြင်လေးကတော့ ဒါပါပဲ..။

You've reached the end of published parts.

⏰ Last updated: Jun 14, 2020 ⏰

Add this story to your Library to get notified about new parts!

Candy RomanceWhere stories live. Discover now