Unicode
TaeHyung အိမ်ပြန်လာတဲ့လမ်းတလျှောက်လုံး စိတ်မကြည်၊ အဲ့တာ ဟိုအရူးကောင်ကြောင့်... TaeHyung မြင်သမျှ လူအစ ခွေးအဆုံး မျက်စောင်းလိုက်ထိုးနေသည်။
မျက်စောင်းမထိုးလို့ လက်သီးနဲ့ပြေးထိုးရင် လူဆိုလည်းပြန်ထိုးမယ် ခွေးဆိုလည်းပြန်ကိုက်မယ်လေ အဲ့တာကြောင့် မျက်စောင်းပဲထိုးနေရတာ။
အိမ်ရှေ့ရောက်တော့မှ ထွက်နေသောဒေါသများပုံချစရာလူရှာတွေ့သွားသည်။ သူ့ဝမ်းကွဲညီ ChoiYeonJun က အိမ်ရှေ့တွင် ဂိမ်းထွက်ဆော့နေသည်။
"ဟိတ် ကောင် မင်းဒီအချိန်ထိ ဂိမ်းဆော့နေတုန်းလား စာလေးဘာလေးလည်းလုပ် ငါပြောမယ် မင်းတို့အရွယ်ဆိုတာ...."
"KimTaeHyung! မဟုတ်တာတွေလျှောက်ပြောမနေပဲ မြန်မြန်အထဲဝင် ခြေလက်ဆေး ပီးရင် ညစာစားမယ်"
အိုမားရဲ့ဝင်နှောင့်ယှက်မှုကြောင့် ဆက်မဟောလိုက်ရ ဆူပုပ်ပုပ်ဖြင့်အိမ်ထဲဝင်လိုက်ရသည်။ အဲ့တာလည်း ဟိုအရူးကောင်ကြောင့်ပဲ။
ခြေလက်ဆေးမျက်နှာသစ်ရင်းလည်း ဟိုအရူးကောင်အကြောင်းစဥ်းစားနေမိသည်။ ယောက်ျားလေးအချင်းချင်းကို အဲ့လိုအရူးစကား သူ့လိုအရူးမျိုးပဲပြောထွက်မယ်။
အပြင်ထွက်လာပြီး မျက်နှာသုတ် အဝတ်လဲပြီးတဲ့အထိ
"မင်းကိုနမ်းချင်လာတာ"ဆိုတဲ့အရူးစကားပဲနားထဲကြားနေ၍ မျက်မှောင်ကြုတ်ကာ ကုတင်ကိုကန်တော့ အားကနဲ။နာတာပေါ့ ကုတင်က သစ်သားကုတင်ကြီးလေ။
"KimTaeHyung! ဝုန်းဒိုင်းကြဲနဲ့အပေါ်မှာဘာဖြစ်နေတာလဲ ထမင်းလာဆင်းစား"
အိုမားရဲ့ စကားသံချိုချိုလေးကြောင့် အောက်ဆင်းပြီးထမင်းစားလိုက်ရသည်။
______________________________
"Sumbae Minက အဲ့လိုပဲလုပ်နေမယ်ဆို ကျနော်နောက်ရက်တွေမလာတော့ဘူး"
နှုတ်ခမ်းကိုတတောင်လောက်ထော်ကာ စိတ်ကောက်နေသော Jimin ကို MinYoonGi က တချက်မှမကြည့်။
မခေါ်ပဲလည်း ကျောင်းဆင်းရင် အဲ့ပုလုံးကောင်ကရောက်ရောက်လာသည်။ ပြီးရင် MinYoonGi စာလုပ်သည့် Library ထဲထိုင်ပြီး MinYoonGi ကို ထိုင်ကြည့်သည်။
YOU ARE READING
Daddy Type
RomanceNew update every *TUESDAY* Zawgyi//Unicode TaeKook Unicode "ငါ့ကိုအဲ့လောက်တောင်မုန်းလား..ဟက်..စိတ်မပူပါနဲ့ ငါကမင်းကို အသက်ရှုကြပ်တဲ့အထိ နမ်းမှာမလို့" "သွားသေလိုက်ပါလား!!!!" Zawgyi "ငါ့ကိုအဲ့လောက်တောင်မုန်းလား..ဟက်..စိတ်မပူပါနဲ့ ငါကမင်းကို အသက်ရှုကြပ...