တစ်လဆိုတဲ့အချိန်အတိုင်းအတာကုန်သွားတယ် အိမ်မှာလည်းအေးဆေးပဲ ကျောင်းမှာလည်းဘာရှော့ မှမရှိဘူး အဲ့လိုပဲဘာမှမလုပ်ရသေးတော့ ဂရုမစိုက်လို့ရတဲ့pointပဲရှိသေးတာပေါ့ ...
ဧကရီ ကျောင်းထဲက dromတစ်ခုကိုသူမအပိုင်ယူ လိုက်တယ်ကျောင်းအုပ်ကိုရှယ်ယာနည်းနည်းပေးပြီး တော့ပေါ့ ... သူမအဲ့မှာပဲ SM traineeဖြစ်ဖို့ အသည်းအသန်လေ့ကျင့်နေတော့တယ် ... အရင်ကသူမကိုယ်တိုင်ကtraineeဖြစ်ခဲ့တာကြောင့်သူမအတွက်ကကွက်တွေကအသစ်အသစ်တွေဖန်တီးဖို့မခက်ခဲလှဘူး ပြီးတော့ သူမhostလုပ်မယ်ပြော တုန်းကလည်း အနုပညာကိုယူခဲ့တာဆိုတော့အားလုံး ကွက်တိပဲ
အချိုးမပြေတာကတော့ဇာတ်လိုက်မ အရင်ကဇာတ်လိုက်မကဘာမှသိပ်မလုပ်သလောက် အခုဇာတ်လိုက်မကတော့ကျွန်မကိုဘယ်လိုအကောက်ကြံရမလဲပဲတွေးနေတယ်
ဘာလို့လဲ ??? အဖြေကရှင်းပါတယ် ဇာတ်လိုက်ကဧကရီဆီကိုခနခနလာလာနေတာကြောင့်ပါပဲ ... အခုဟာကြီးကဇာတ်ကြောင်းနဲ့လုံးဝ တလွဲကြီး ဘာလို့များOOCမဖြစ်လဲလို့မေးကြည့်တော့ သူမဘာမှမလုပ်ပဲသူ့အလိုလိုပြောင်းလဲသွားတာမလို့ပါတဲ့ ....."အပြင်မှာ herry ရောက်နေတာမလား ... ဝင်လာခဲ့"
ဒါပေမယ့်တကယ်တမ်းဝင်လာသူက 2nd lead ဖြစ်နေတော့ ကျွန်မအနည်းငယ်လန့်သွားတယ် ဒါပေမယ့်မျက်နှာexpressionကတော့ကျောက်ရုပ်အတိုင်းပဲ
"ကိုယ့်နာမည် ခွန်းလျှံသျှမ်း ပါ"
"အင်း ဧကရီမိုးပွင့်"
** ဟက် တကယ့်အချေပဲ ... ဒါပေမယ့်တော်တော် ချစ်ဖို့ကောင်းနေတယ် **
"ကိုယ်မင်းကကွက်တွေမြင်လိုက်လို့ငေးကြည့်နေမိတာပါ...ဒါနဲ့အပြင်မှာလူရောက်နေမှန်းဘယ်လိုသိတာလဲ""အရိပ်မြင်လိုက်လို့"
"အာ ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်ဘူးဆိုတာ အမှန်မဟုတ်ဘူးပဲ"
"တမင်လျစ်လျူရှုထားတာဆိုရင်ပိုမှန်မယ် အခုကြည့်လို့ပြီးပြီဆိုတော့ရှင်သွားလို့ရပြီထင်တယ်"
" partnerရပြီလား ပွဲအတွက်"
"မရှာထားဘူး"
"ကိုယ်နဲ့တွဲမလား"
YOU ARE READING
System
General FictionSystemနဲ့hostအကြောင်းတွေအခုတလောအရမ်းစိတ်ဝင်စားနေလို့၁ပုဒ်လောက်ဖန်တီးချင်သွားတာပါ ... review မရေးတော့ဘူးရယ် အားပေးကြပါနော် ❤❤❤ Not translation ... 💔📝