Zawgyi🦋🦋
*ဘာတွေလဲ Dad ရာ ခရာ အဲ့ကိစ္စတွေကို
စ်တ်ကူးထဲမထည့် ချင်သေးပါဘူးဆို.......*အရေးကြီးကိစ္စပြောဖို့ခေါ်လိုက်တယ.....ဒီကိစ္စတဲ့လား............LA မှာ ရှိတဲ့အလုပ်တောင်ပြီးအောင် မလုပ်နိုင်ဘူး.......
အရေးကြီး တယ်ဆိုတော့ အပြေးပြန်လာခဲ့ရတာ......
ရောက်ရောက်ချင်း ပြောချလိုက်တော့
အမောပင်ဆို့သွားရသည်။........
ပို၍ အံသြဖို့ကောင်းတာက ခရာကို မိန်းမ ပေးစားဖို့တဲ့........*စိတ်ဝင်စားရမယ် မရာ.........
သူတို့ဘက်က အရင် ကမ်းလှမ်းခဲ့တာ.......
သူတို့မိသားစုရဲ့ ကျေးဇူးတွေက Daddy တို့အပေါ်မှာ အများကြီးရှိတယ် ဆိုတာ သမီးလဲ သိပါ တယ် မရာရယ်.......**ဟာ.......အဲ့တာကြောင့်နဲ့ဘဲ ခရာက သူ့ကို ယူရမယ်ပေါ့....... မဆိုင်လိုက်တာ Daddyရယ်......*
Sofa ပေါ်ကို လေးပင်စွာမှီလိုက်ရင်း
မျက်နှာကို လက်နှစ်ဖက်ဖြင့် ပွတ်ရင်း
ပြောလိုက်သည်။.........*Daddy...... အမိန့်ဘဲ ခရာ နားထောင်ရမယ်.......*
*ခရာ....မယူချင်ဘူး Daddy စိတ်မဝင်စားဘူး.....*
ငယ်ငယ်ထဲက ခရာ သေဘာ ခရာစိတ်တိုင်းကျလုပ်ခိုင်းတဲ့ Daddy က
အမိန့်တွေလာပေးနေတော့ အက္ခရာ စိတ်တိုလာသည်...........*ခရာ လေးငယ်ငယ်ထဲကသမီးသဘောဘဲ လုပ်နေတာ
Daddy ဘာပြောခဲ့လဲ........
ဒီတစ်ခုတော့ Daddy ဆန္ဒကို လိုက်ရော ပေးပါ သမိးရယ်..... သမီးလိမ္မာမှန်း Daddy သိပါတယ်*Daddy အသံက နူးညံလာပြန်သည်။
*ဟူး....... ခရာ စဉ်းစားအုံးမယ် Daddyရာ.....
ခုတော့ ခရီးပန်းလာလို့ နားအုံးမယ်......
Daddy ကအရမ်း အရေးကြီးတယ်ဆိုတော့ အလုပ်ကိစ္စတွေအကုန် အစ်မဝေနဲ့ အကုန်နားခဲ့ရတာ....**အေးပါကွယ်..........ခုတော့နားလိုက်အုံး
ညကျရင် Daddy နဲ့သွားစရာရှိတယ်.....*ခရာ ဘာမှမပြောချင်တော့.....
ဘဝမှာ ပြေးကြည့်မှ ဒီအဖေလေးတစ်ယောက် ရှိတော့တယဆိုတော့......
ဖေဖေကို စိတ်ချမ်းသာစေချင်သည်။
ခရာ စဉ်းစားမယ် လို့သာပြောတာ.....
လက်ခံပေးဖို့ စဉ်းစားပြီးသား........(နင်က ဘယ်လိုလေးဖြစ်မလဲ
နံသာဖြူ.......)ညောင်းကိုက်နေတာတွေ သက်သာအောင်
bathtub ထဲမှာရေးနွေးနွေးလေးနဲ့
နာရီဝက်လောက်စိမ်ချိုးလိုက်သည်။