beijingမြို့ရဲ့လမ်းမထက်မှာ ပြိုင်ကားနီနီလေးတစ်စီးဟာ လေအဟုန်လိုဘဲ 'ဝှီးကနဲ ဝှီးကနဲ' ဘေးကကားတွေကိုကျော်ဖြတ်သွားလိုက်တာ. .
သာယာတဲ့နေ့တစ်နေ့နဲ့အစပြုတဲ့မနက်ခင်းဟာ ဝမ်ရိပေါ်ဆိုတဲ့လူသားတစ်ယောက်အတွက်တော့ အရာအားလုံးဟာအကျည်းတန်နေသလိုဘဲ
မောင်းလာတဲ့ပြိုင်ကားနီနီလေးဟာ တဖြည်းဖြည်းနဲ့ကျော်တက်လာတဲ့ကားတွေကျဲလာပြီး လမ်းမကြီးပေါ်တက်လာတဲ့အခါ လွတ်လွတ်လပ်လပ်တိုက်ခတ်လာတဲ့လေပြည်ကြမ်းတွေကမျက်နှာကိုရိုက်ခတ်ကြတယ် အသက်ကိုခပ်ပြင်းပြင်းရှုပြီးသက်ပြင်းအရှည်ကြီးကိုချလိုက်မိတယ်
မွန်းကျပ်လာတဲ့အခါ လူတွေကမြို့ပြရဲ့အဝေးကနေပြေးထွက်ပြီး
အေးချမ်းတဲ့သစ်ရိပ်တောရိပ်မှာအပန်းဖြေချင်ကြတာသဘာဝဘဲတချို့သူတွေက ဝမ်ရိပေါ်ကိုအားကျကြတယ် အရာရာမတောင့်တမကြောင့်ကြနေထိုင်ရတဲ့ဝမ်ရိပေါ်သူဌေးသားလေးကို ဝမ်ရိပေါ်ဘေးပတ်ဝန်းကျင်ကသူတိုင်းက သရေကျကြတယ်
အင်း အပေါ်ယံကိုဘဲကြည့်တတ်တဲ့သူတိုင်းက စာမျက်နှာအဖုံးကိုဘဲကြည့်ပြီးဝေဖန်တတ်ကြတာသဘာဝဘဲ
ဝမ်ရိပေါ်ကတော့ဒီဘဝမှာမပျော်ဘူး အင်း သူလုံးဝမပျော်ခဲ့ပါဘူးအသက်ရှင်လာတဲ့တစ်လျောက် ယနေ့၂၃နှစ်ပြည့်ထိတိုင်
ဝမ်ရိပေါ်အပေါ် မွေးထားမိလို့တာဝန်ဝတ္တရားအရဆက်ဆံရေးတွေ
စီးပွားရေးဆန်ဆန် မြှပ်နှံရင်းနှီးထားမှုတွေ ဒီလိုဆက်ဆံရေးတွေကိုသူတကယ်အလိုမရှိခဲ့ဘူး သူ့ဘဝမှာမတောင့်တဘဲလိုချင်တာရတာမှန်ပေမဲ့ သူလိုချင်ခဲ့တာ ပစ္စည်းဥစ္စာတွေမဟုတ်ဘူး ချစ်ခြင်းမေတ္တာတွေ. . .သူ့မွေးနေ့မှာသူလိုချင်တာတစ်ခုပါဘဲ အဲ့ဒါကသူ့ဘေးနားမှာသူချစ်တဲ့သူတွေကိုသူ့လိုဘဲသူ့ကိုချစ်စေချင်ပြီးနွေးထွေးမှုတွေကြင်နာမှုတွေပေးစေချင်တာပါ နှစ်တိုင်းရလာတဲ့နောက်ဆုံးပေါ်phoneတွေ နောက်ဆုံးပေါ်ကားတွေ ဈေးကြီးတဲ့brand တွေသူမလိုပါဘူး
သူလိုချင်တာ ပိုက်ဆံမပေးရဘဲ နှလုံးသားနဲ့ရင်းရတဲ့မေတ္တာတစ်ခုကိုသာသူတောင့်တပါတယ်. . .
YOU ARE READING
Love in the forest (Complete)
Fanfictioncollab with author myu kha https://my.w.tt/zcZzlWc2n7 ဒီlinkေလးက author myu kha wp acc linkေလးပါ