[Unicode]
𝐘𝐎𝐔𝐍𝐈𝐕𝐄𝐑𝐒𝐄-2
■■■ ɪɴᴛᴏ ʏᴏᴜʀ ᴡᴏʀʟᴅ ■■■ဂျုံအင်၏ ပျင်းရိဖွယ်ရာ နေ့စဥ်ဘဝသည် ဆယ်ဟွန်းရောက်လာသည့်နေ့မှစ၍ ပျင်းစရာအချိန်ပင်မရှိအောင်ဖြစ်လာရသည်။
ဆယ်ဟွန်းသည် ဂျုံအင်၏ဘဝထဲသို့ တစ်ယောက်တည်းဝင်လာခဲ့ခြင်းမျိုးမဟုတ်ပေ။ အပေါင်းအဖော်နှင့်တကွ လာရောက်နှောက်ယှက်သည်ဟုဆိုရပေမည်။
ချန်းယောလ်က သူ့အိမ်သူ့ယာကဲ့သို့ပင် မီးဖိုချောင်ထဲတွင် အကုန်ရှာဖွေကာ ချက်ပြုတ်နေသည်။ ဆယ်ဟွန်းကတော့ ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ဂျုံအင်၏ ဘေးသို့တိုးကပ်ထိုင်နေလေသည်။
"အိုဆယ်ဟွန်း !!! ... ဘာလို့ ဒီလောက်ထိ တိုးကပ်နေတာလဲ"
ဂျုံအင်အော်လိုက်သည့်အခါမှ မျက်နှာငယ်လေးနှင့် ဆိုဖာအစွန်ဆုံးသို့ ဆယ်ဟွန်း ပြန်ရွှေ့ထိုင်လေသည်။ထို့နောက် မကျေမနပ်နှင့် ဂျုံအင့်ကိုပြန်အော်ပြောလေသည်။
"ကိုကိုကလည်း ... ကျွန်တော်ဒီကိုပြောင်းလာတာမှ ဘယ်နှစ်ရက်မှမရှိသေးဘူး ဘာလို့အလုပ်ထွက်လုပ်မှာလဲ ကျွန်တော့်အနားနေလေဗျာ ... ။ ပြီးတော့ Hyung ကလည်း နောက်တစ်ပတ်ဆို ပြန်ရတော့မှာကို "
ဘာအလုပ်မှမလုပ်ပဲ နေချင်စိတ်မရှိတော့သောကြောင့် အလုပ်ခေါ်စာများရှာကြည့်ပြီး အလုပ်သွားလျှောက်ရန် ပြင်ဆင်ပြီးသော်လည်း ကလေးလိုမျိုးဆယ်ဟွန်း ဂျီကျနေသောကြောင့် ဂျုံအင် ထိုင်နေရာမှ ထ၍မရပေ။
ဂျုံအင် အလုပ်ရှာရန် ဆုံးဖြတ်မိသည်မှာ ဆယ်ဟွန်းကြောင့်လဲပါသည်။ဆယ်ဟွန်း မျက်နှာခြင်းဆိုင် အခန်းသို့ပြောင်းလာသည့်နေ့မှစ၍ အချိန်ပြည့် နည်းလမ်းမျိုးစုံ၊ အကြောင်းမျိုးစုံဖြင့် ချောင်းပေါက်မတတ်ပင် ဂျုံအင့် အခန်းသို့လာသည်။ သူတစ်ယောက်တည်းပင်မဟုတ် တစ်ခါတလေ ချန်းယောလ်ပင် ပါလာသေးသည်။ဂျုံအင် တံခါးမဖွင့်ပေးသည့်အခါမျိုးတွင် အခန်းရှေ့၌ အကျယ်ကြီးအော်ခေါ်နေတတ်သည်။
YOU ARE READING
𝐘𝐎𝐔𝐍𝐈𝐕𝐄𝐑𝐒𝐄
FanfictionTitle - Youniverse [You=universe] OTP - SeKai [ Oh Sehun + Kim Jongin ] Language - Myanmar [ Unicode/Zawgyi ] -15.6.2020-