အပိုင်း (၁၁)

2.3K 126 67
                                    

မနက်​ နိုး​နေကျ အချိန်​မှာ​တော့ ကျွန်​​တော်​က
အခန်းထဲက ကုတင်​​ပေါ်မှာ ​စောင်​ခြုံလျက်​သား
နဲ့ နိုးလာခဲ့တယ်​။

ခြုံထားတဲ့ ​စောင်​ကို ဆွဲဖယ်​လို့ ကုတင်​​ပေါ်က
ဆင်းလိုက်​မှ........
ကိုယ်​​ပေါ်မှာ အဝတ်​​​တွေမရှိတာ​ကြောင့်
မ​နေ့ညက အဖြစ်​အပျက်​​တွေက ​ခေါင်းထဲ
ပြန်​​ပေါ်လာတယ်​။

မ​နေ့ညက ရှက်​စရာအလုပ်​​တွေကို ဘယ်​လို
သတ္တိနဲ့များ လုပ်​ခဲ့မိတာလဲ​နော်​။
ရှက်​စရာ ​ကောင်းလိုက်​တာ။

ရှောင်းကျန့်​​တော့ ပြန်​သွား​လောက်​ပါပြီ၊
ကုတင်​​ပေါ်ကို ​သူ့ပို့သွားတာပဲ၊ ​တော်​​သေးတာ
ပေါ့ ဘာမှမလုပ်​သွားလို့။

တခြားသူ​တွေသာ ဒီအဖြစ်​​တွေသိခဲ့ရင်​ ကျွန်​​တော်​ကို gay လို့ ထင်​​တော့မှာပဲ။

ရှောင်းကျန့်​ကို ဘယ်​သူမှပြန်​မ​ပြောဖို့ ​ပြောထားရမယ်​။ သူက ပြန်​​ပြောမယ့်​ပုံ​တော့ မ​ပေါ်ပါဘူး။
ကျွန်​​တော်​ gayလို့ အထင်​မခံနိုင်​ဘူး။

ကျွန်​​တော်​ ​ယောကျာ်း​လေး​တွေကို စိတ်​မဝင်​စား
ဘူး။ မိန်းခ​လေး​တွေကိုလည်း ရင်​မခုန်​ပြန်​ဘူး။
ကျွန်​​တော်​အခု တက္ကသိုလ်​​နောက်​ဆုံးနှစ်​သာ
ရောက်​လာတာ ချစ်​သူရည်းစားဆိုတာ ဘာမှန်း
တောင်​ မသိ​သေးဘူး။

ကျွန်​​တော်​ဘဝက ရိုးရှင်းတယ်​၊ မားမားဆုံးပြီး
ကတည်းက ပါးပါးနဲ့ပဲ​နေတယ်​။ အထက်​တန်း
ပြီးလို့ တက္ကသိုလ်​ပထမနှစ်​​ရောက်​မှ မားမား
ပေးခဲ့တဲ့ ဒီတိုက်​ခန်းမှာ တ​ယောက်​ထဲ​နေတာ
အခုအချိန်​ထိပဲ။

အခု​တော့ အပြစ်​မကင်းတဲ့ လုပ်​ရက်​​ကြောင့်
လျော်​​ကြေးကခန္ဓာကိုယ်​နဲ့ ရင်းပြီးဆပ်​ရ​တော့မယ်​။ တခါမှ​တောင်​ မ​တွေးခဲ့ဖူးဘူး ​ယောကျာ်း
တ​ယောက်​ဆီမှာ ကျွန်​​တော့်​ရဲ့ first timeကို
ပေးရလိမ့်​မယ်​လို့ ပြီး​တော့ အချစ်​​တောင်​ မပါဘဲ
နဲ့​လေ။

ပိုဆိုးတာက ကိုယ့်​ first timeကို ​ပေးရမယ့်
အဲ့ဒီ​ယောကျာ်းက တချိန်​က လူပုံအလည်​မှာ
ရွံဖို့​ကောင်းတဲ့ gay​ကောင်​လို့ ကိုယ်အရှက်​ခွဲပြီး
ငြင်းခဲ့ဘူးတဲ့​ ​ယောက်ျားဖြစ်​​နေတာပဲ။

You've reached the end of published parts.

⏰ Last updated: Jun 18, 2020 ⏰

Add this story to your Library to get notified about new parts!

ဝိညာဉ်​ကလဲ့စားWhere stories live. Discover now