1. Dream World

2K 141 16
                                    

Unicode Ver

၁။ အိပ်မက်ကမ္ဘာ

"ဟေမန် ငါတို့ပြတ်မယ်"

"ဘာ!!! ဘာဖြစ်လို့လဲ?"

"ဒီတိုင်းပဲ. . .ဘာအကြောင်းပြချက်မှတော့ ရေရေရာရာမရှိဘူး။ ဒီတိုင်း. . .ငါဆက်မတွဲချင်တော့ဘူး"

"ဘာဖြစ်လို့လဲ? နင်စိတ်တိုင်းကျနေခွင့်ငါပေးထားတယ်လေ။ ငါဘာအမှားလုပ်မိလို့လဲ? ငါပြင်မယ်လေနော်"

"မလိုတော့ဘူး။ ပြင်မနေနဲ့တော့။ နင်ဘာမှမမှားဘူး။ ငါပဲမှားတာ။ ငါ့စိတ်ကိုက မတည်ငြိမ်တာ ok"

"စနေတာမလား? မဟုတ်ဘူးမလား . . . နင်ငါ့ကိုချစ်သေးတယ်မလား"
ကောက်ရိုးတမျှင်စာလောက် မျှော်လင့်ချက်လေးနဲ့ သူ့လက်အားဆွဲရင်း သူမရေရွတ်မိသည်။ သို့သော် သူမ၏လက်ကို အတင်းဖယ်ပစ်လိုက်သည်။

ဟေမန်သည် ဆို့တက်လာတဲ့ နှလုံးသားထဲမှ နာကျင်မှုတွေကို မဖုံးကွယ်နိုင်သည့်အခါ မျက်ရည်တို့က အလိုလိုစီးကျလာသည်။

"ကျစ် ထစ်ခနဲဆို မျက်ရည်လွယ်တိုင်း အဲ့ဒီမျက်ရည်က ကျပြန်ပြီ။ ငါမင်းငိုတာကိုကြည့်ရတာ စိတ်ပျက်လာပြီ။ ကျေးဇူးပြုပြီး dramaတွေ ထပ်မခင်းပါနဲ့တော့ကွာ"
ပြောပြီးတာနဲ့ ကျောခိုင်းလှည့်ထွက်သွားတဲ့ သူ့ကျောပြင်ကို မျက်ရည်လည်ရွှဲနဲ့ သူမငေးကြည့်နေမိသည်။ ထိုသူဟာ သူမ၏ အချစ်ဦးပင်ဖြစ်သည်။

ဒီအချစ်ဦးကို ဟေမန်သည် ငယ်စဥ်တည်းက အရူးအမူးချစ်ရသည်။ ထိုသို့ချစ်ရသည့်အကြောင်းအရင်းမှာလည်း  သူမ၏ အေးစက်မှောင်မိုက်နေသည့်အချိန်တွင် ထိုလူ၏ အပြုအမှုတစ်ရပ်က သူမအား နွေးထွေးစေခဲ့ကာ မျှော်လ့််ချက် ဖြစ်လာစေခဲ့သည်။

နှစ်အချို့ကြာပြီးသည့်နောက် ကံကြမ္မာ၏ ကျီစယ်မှုအောက်တွင် သူတို့နှစ်ယောက်မှာ ဖူးစာဟုအထင်မှားစဖွယ် ပြန်လည်ဆုံတွေ့ကြခဲ့သည်။ ထိုနောက် ထိုသူက"တွဲကြရအောင်"လို့ ပြောတဲ့အခါ သူမဟာ ကံအကောင်းဆုံးလူသားလို့ ခံစားလိုက်ရသည်။ သို့သော် ထိုစကားမှာ အချစ်မပါသည်ကို ဟေမန်သည် မသိလောက်သည့်အထိ သူမတုံးအခဲ့သည်။

အချစ်ကြီးလွန်းတဲ့သူမဟာ ထိုသူ့ရဲ့ အကြိမ်ကြိမ်သစ္စာပျက်မှုတွေကို အငိုမျက်လုံး အပြုံးမျက်နှာနဲ့ သည်းခံခဲ့သည်။
"ဘယ်လောက်အထိ ချစ်နိုင်မှာလဲ စမ်းသပ်ကြည့်တာ"
ဆိုသည့် သူ့စကားကို သူမအကြွင်းမဲ့ ယုံကြည်ပေးရဲသည့်အထိ ဟေမန်ဟာ မိုက်မဲလွန်းသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Jan 11, 2024 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Dream System Donde viven las historias. Descúbrelo ahora