#Unicode
"Spring" ကျွန်တော်နဲ့ တော်တော်များများ ဆက်စပ်နေတဲ့ အမည်နာမလေးတခု
သပ်ရပ်နေတဲ့ ကျောင်းနားက Coffee ဆိုင်လေး
Coffee,tea နဲ့ မုန့်အပြင် Wi-Fi free ရယ် ဖတ်စရာ စာအုပ်လေးတွေပါ ရှိတော့ ကျောင်းသားတွေအတွက် နေရာကောင်းလေးတခုဖြစ်လာတယ်
အထူးသဖြင့် အပြုံးချိုချိုလေးရယ်
နှခမ်းအောက်က မှဲ့နက်လေးနဲ့ ချောမောတဲ့ အကိုရှိနေတာကြောင့်လည်း
ကောင်မလေး တော်တော်များများက
ဒီဆိုင်ကိုပဲ အလာများကြတာပါ
ကျွန်တော့်အတွက်လည်း တူတူပါပဲ~ကလောင် ကလောင်~
"ဘာသုံးဆောင်မလဲ မသိဖူး "
ကောင်တာမှ ရှောင်းကျန့် မကြည့်မိဘဲ မေးလိုက်သည်"Latte coffee တစ်ခွက် အကို့အပြုံးချိုချိုလေးရော ထည့်ပေးနော် "
"အော် ရီပေါ် မင်းကိုး ခါးမှာကြောက်လို့လား နည်းနည်းချိုအောင် အကိုဖျော်ပေးမယ်နော်"
"ဟုတ် အကို Coffee သောက်ချင်လို့ ပြီးတော့ စာလုပ်စရာလေးလဲရှိလို့ "Coffee ဖျော်နေတဲ့ အကို့ကို ကျွန်တော် မကြာခဏ ခိုးကြည့်ဖြစ်တယ် ဆိုင်မှာဆို အဖြူဝတ်တဲ့ အကိုက
စမတ်ကျပြီး ချောတယ်"ရီပေါ် Coffee ရပြီ ဒါနဲ့ ရိပေါ်က ဘာ Major ယူထားတာလဲ "
"စီးပွားရေးပါ "
"အော်.. စာကြိုးစားနော် "
"ဟုတ် အကို"
အကိုပေးတဲ့ Coffee လေးကို ယူပြီး ထိုင်နေကြ ပြတင်းပေါက်နားက ထောင့်စွန်းခုံလေးမှာ ထိုင်လိုက်တယ် စာလာလုပ်တာ အကြောင်းပြချက်တခု ဆိုပေမဲ့ တခါတလေ ကျောင်းစာများလာတဲ့ အခါမှာတော့ တကယ်စာလုပ်ဖြစ်ပါတယ်အကိုက ဒီဆိုင်လေးကို သူငယ်ချင်းတစ်ယောက်နဲ့ တွဲဖွင့်ထားတာတဲ့ တစ်ယောက်တစ်ရက်စီ ဆိုင်ထိုင်ကြတယ် အကို့ကို မြင်ချင်တော့ တရက်ခြားတခါလာရတာပေါ့ ကျန်တဲ့တစ်ယောက်ကို နှစ်ခါလားပဲ မြင်ဖူးတယ် ဒါတောင် ရက်မှားမှတ်ပြီး သွားမိလို့ အဲ့တစ်ယောက်ကလည်း ချောပေမဲ့ အကို့လောက်တော့ မချောပါဖူး
အကို့အပြုံးက အချိုဆုံးပဲတခါတလေ အကိုအပြုံးမြင်နေရတဲ့ ဆိုင်က ဝယ်သူတွေကိုတောင် မနာလိုမိတယ် တကယ်ဆို ကျွန်တော် တစ်ယောက်ပဲ မြင်သင့်တယ်
စိတ်ကူးလေးနဲ့တောင် ဒီလိုဖြစ်နေတာ
အကို့ကို တကယ်ပိုင်ဆိုင်ရရင် ဘယ်လိုထိန်းချုပ်ရပါ့မလဲ