ကျွန်တော် လူမှန်းသိတတ်စတည်းက
မိဘမေတ္တာဆိုတာ ဘာမှန်းမသိခဲ့ဘူးမူကြိုအရွယ်ကလေးတွေ
မိဘလက်ဆွဲရင်း တပူပူတဆာဆာလုပ်တဲ့အချိန်
ကျွန်တော့မှာဆွဲစရာလက်မရှိခဲ့ဘူးပြိုင်ဆိုင်မှုများတဲ့ လောကကြီးထဲ
ကျွန်တော့ဖြစ်တည်မှုက
တာဝန်အရ မွေးထုတ်ခြင်းသာသာသို့သော် တစ်စုံတစ်ယောက်ကတော့
ကျွန်တော့ဘဝထဲသို့ ဆုလာဘ်တစ်ခုလို ဝင်ရောက်လာခဲ့သည်🍀 Leo 🍀
//////////////////////////////ကျွန်တော်က ဘဝကို
ရိုးရိုးရှင်းရှင်းပဲဖြတ်သန်းပါတယ်
အလေးအနက်ဆုတောင်းတဲ့သူတွေရဲ့
စိတ်ဆန္ဒဖြစ်မြောက်အောင် ဖြည့်ဆည်းပေးရင်း...တစ်စုံတစ်ယောက်က
အရမ်းလိုအပ်နေလို့ တောင်းဆုပြုတဲ့အခါ
ကျွန်တော့နားထဲ သူတို့ဆုတောင်းသံတွေက
သူတို့အလိုမဖြည့်ဆည်းပေးမချင်း
တလွင့်လွင့် ရိုက်ခတ်တတ်သည်ကျွန်တော်ကသာ ခုချိန်ထိ ဘာကိုအလိုရှိပြီး
ဘာဆုတောင်းရမလဲဆိုတာ မသိသေးအကယ်၍ တောင်းဆုတစ်ခုခုသာပြုလို့ရမယ်ဆိုရင်
ကျွန်တော့ရဲ့အထီးကျန်ဆန်တဲ့ဘဝကို
အဖော်ပြုပေးမယ့် လက်တွဲဖော်လေးတစ်ယောက် လိုချင်မိတယ်🍁 Toy 🍁
..........။........ဟိုင်နန်Blogကပြန်ရောက်ပြီး ၂ရက်မြောက်.
တနင်္လာနေ့မှာ Leoအလုပ်လာဖို့ထွက်ခဲ့တယ်
လက်စွဲကင်မရာလေးကိုလွယ်ရင်း studioအလုပ်ခန်းဆီသို့...ပုံမှန်ဆိုဘတ်စ်ကားစီးနေကျပေမယ့်
လူမတိုးချင်တာကြောင့် လမ်းလျှောက်လာခဲ့တယ်အရင်ကလူအမြဲရှုပ်နေတဲ့ ရေပန်းရုပ်တုက ဒီနေ့တော့တိတ်ဆိတ်လို့
ကြည်လင်နေတဲ့ရေကန်အောက်ခြေမှာ ဝတ်ပြုဆုတောင်းထားတဲ့ အကြွေစေ့ပေါင်းများစွာ ...Leoခဏရပ်ငေးပြီးနောက် ဘောင်းဘီအိတ်ထဲက အကြွေစေ့ကိုထုတ်လိုက်တယ်
ငယ်ငယ်တည်းက ဆုတောင်းတာတွေမလုပ်ဖူးတဲ့
သူက ဒီနေ့တော့ပထမဆုံးနဲ့နောက်ဆုံးအနေဖြင့် တောင်းဆိုကြည့်မိသည်
YOU ARE READING
The Order of Coinage [ Oneshot ]
Fanfictionဘယ်လိုမှမဖြစ်နိုင်တဲ့ဘဝနှစ်ခုက အကြွေစေ့လေး၂စေ့ကြောင့် ထပ်တူညီသွားခဲ့တယ်ဆိုရင် ခင်ဗျားတို့ယုံမလား Leo Lao by @Marchmon26 & DayToy by @MinSKpp30