နွေဦးဒဏ္ဍာရီ ( အပိုင်း ၁၆ )

86 5 2
                                    

[ Zawgyi ]

ညပိုမိုးချုပ်လာလေ လူတွေပိုများလာလေဖြစ်သည်။

နွေဦးက အရပ်သိပ်မရှည်လှ တော့ သူ့ရှေ့က အရပ်ရှည်ရှည်လူတွေကွယ်ရင်ဘာမှမမြင်ရတော့။

" နေဝန်း အရှေ့နား သွားရအောင် "

" မသွားနဲ့ ဒီမှာပဲနေ "

ခန္ဓာကိုယ်ချင်းပူးကပ်နေပြီဖြစ်သော သူနဲ့ ကျွန်တော် ရဲ့အခြေအနေကို သူမလွန်ဆန်ချင်တာများလားလို့ ကျွန်တော် တွေးမိတွေးရာလျှောက်တွေးမိသေးသည်။

ကျွန်တော့်အတွေးမဆုံးခင်မှာပဲ အနောက်ကနေ သူကျွန်တော့်ဘေးကိုရောက်လာသည်။ကျွန်တော့်စိတ်ကိုသိနေတာများလား?သူက  လက်ပိုက်ထားပြီး က္ကနြေ္ဒရရဖြင့် ခံ့ညားနေဆဲ။ လူများလွန်းလို့ စိတ်ပျက်ဟန် ၊ ငြီးငွေ့ဟန်မျိုးမပြ။မျက်နှာတည်တည်ဖြင့် မီးပုံပျံများကို ပြင်ဆင်နေကြသော ရှမ်းဝတ်စုံများဖြင့် ရှမ်းတိုင်းရင်းသားများကိုငေးကြည့်နေသည်။

" နေဝန်း မီးပုံးကြီးတွေက တော်တော်လှတယ်နော် "

သူခေါင်းတချက်ညိတ်ပြသည်။

" မီးပုံးတစ်ပုံးကို ဘယ်လောက်ဈေးရှိလဲ မင်းသိလား "

သူ ကျွန်တော့်ကိုမကြည့်ဘဲ ရှေ့ကိုသာ ခပ်တည်တည်ကြည့်ရင်း မေးခွန်းထုတ်သည်။

" ဟင့်အင်း ငါ တခါမှ မီးပုံးပျံပွဲမကြည့်ဖူးဘူး "

" မီးပုံးတစ်ပုံးကို အနည်းဆုံး ၁၀ သိန်းအထက်ပဲ။ ဒီဇိုင်းပေါ် မူတည်ပြီး ဈေးက အဲ့ထက်များတာတွေလည်းရှိတယ် "

သူကျွန်တော့်ကိုစိတ်ရှည်လက်ရှည်ပြောပြနေ၏။ သူ့အသံကို ခပ်တိုးတိုးဖြင့် တည်ငြိမ်လေးနက်စွာပြောနေတာကြောင့် ကျွန်တော်သေချာ အားစိုက်နားထောင်နေရသည်။ တစ်ကွင်းလုံး ရှမ်းအိုးစည်သံများ၊ ရှမ်းသီချင်းသံများဖြင့် ဆူညံနေတာမို့ စကားသံတွေဟာ သိပ်ပီပီပြင်ပြင်မကြားရပါ။

သမ္မတကြီး စပ်ရွှေသိုက်ပုံနဲ့ မီးပုံးတွေရော၊ တခြားရှမ်းတိုင်းရင်းသားပုံတွေနဲ့ မီးပုံးတွေရော၊ မြန်မာနိုင်ငံအလံပုံနဲ့ မီးပုံးတွေရော ။အတော်ကိုခံ့ညားလှပပြီး အရောင်အသွေးစုံလင်လှသည်။ဒီလို လှပစည်ကားတဲ့ ညလေးတစ်ညကို သူနဲ့အတူရှိနေတာကလည်း ပိုပြီး ပျော်စရာကောင်းသွားသည် ထင်ပါတယ်။

You've reached the end of published parts.

⏰ Last updated: Jul 19, 2021 ⏰

Add this story to your Library to get notified about new parts!

နွေဦးဒဏ္ဍာရီWhere stories live. Discover now